Unicode 🦋
------------ကောင်မလေးက သူ့ အားလပ်ရက်မှာ
Jennie ရဲ့ မိဘတွေကို အပြင်ခေါ်ထုတ်သွားတယ် ။
Appa ကတော့ ပျော်နေမှာ အသေအချာပါပဲ ၊
အမျိုးသားကြီးတွေအကြိုက် ဂေါက်ကွင်း လိုက်ပို့တယ်လေ ။Omma ကတော့ အမျိုးသမီးတွေအကြား ပွဲကျနေပြီးတော့
ကောင်မလေးကိုပါ သူနဲ့အတူ ခေါ်သွားတာမို့
Jennie ပဲများနေတဲ့ Appa ကိုပဲ ကလိရတော့မယ် ။" Appa က ဂေါက်ရိုက်တတ်လို့လား ?
ဟီးဟီး ... မသိရင် pro ကြီးလိုလို ဘာလိုလို နဲ့ "" သမီးလေးတစ်ယောက်ရှိတာ
အဖေကို မလေးမစားနဲ့ ... သွားစမ်းပါကွာ "" မသွားပါဘူး ရိုက်လေ
ဂေါက်သီးလေး ဘယ်ရောက်သွားမလဲ သိချင်လို့ "" တော်ပြီကွာ မဆော့တော့ဘူး "
" Appa ကလည်း ဒီနေရာက စျေးကြီးတယ်
တစ်နာရီကို သမီး တစ်လစာတောင် ရှိတာနော် "" နင့်မှာ လစာရော ရှိလို့လား
ကြည့်လိုက်ရင် အကြွေး လည်ပင်းနစ်နေတာပဲ "" Appa လည်း အခုတော့ ပြောပြီပေါ့ "
" မပြောစေချင်ရင် လာမစနဲ့လေ
အဖေကို နောက်စရာ ထင်နေလား ? "Jennie ဆိုးလို့ ရတဲ့ Appa ကို
နှုတ်ခမ်းဆူပြီး စိတ်ကောက်ပြလိုက်တယ်' ဂွက် '
" အား . . . Appa ! "
ကောက်နေတုန်းတစ်လစ်ကြီး
Jennie ရဲ့ နှဖူးဟာ ပူခနဲ ဖြစ်သွားရတယ်" သမီး ... သမီးလေး နာသွားလား "
" ကွဲသွားပြီလားမသိဘူး
ကောင်မလေး ... ပူတူတူးလေးရေ "Lisa ယောက္ခမဖြစ်သူကို လေ့ကျင့်ခန်းလုပ်တာ
သင်ပေးနေရင်း အော်သံစူးစူးကြောင့် လှည့်ကြည့်လိုက်တယ် ။
နှဖူးကို လက်နဲ့အုပ်ရင်း ပြေးလာတဲ့ မကြီး
အရှိန်လွန်ပြီး လဲမကျအောင် သူ စီးပွေ့လိုက်ပါရဲ့ ။
ဒါပေမယ့် အညှောင့်ပေါက်ပြီး တက်ခွနဲ့ မကြီးကြောင့်
နှစ်ယောက်သား မြေပြင်ပေါ် ဘိုင်းခနဲ လဲကျတော့တာပဲ ။
KAMU SEDANG MEMBACA
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomansaDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)