Unicode 🦋
-------------Lisa တစ်ယောက် ခြေထောက်ဆောင့်ရင်း
မကျေနပ်သလို ကိုယ်ကို လှုပ်ရမ်း လျက်ရှိသည် ။
ဘေးနားမှာ ခေါင်းကုတ်ရင်း အကြံအိုက်နေပုံရတဲ့ Jennie ။" ဒါ ဘာကမ်းခြေ ဘာပျော်ပွဲစားလဲလို့ "
မနက်စောစော မိုးမလင်းခင် Lisa ကို မကြီး မရမက
လာနှိုးတယ် ။ ဘာတဲ့ ချောင်းထဲမှာ ငါးသွားမျှားမယ်ဆိုတော့
Lisa ပါ ကုန်းရုန်းထပြီး ကမ်းခြေ စတိုင် ဖက်ရှင်တွေနဲ့
ရှိုးအသေထုတ်ခဲ့တာ ။ Suncream အပါအဝင် ခုံတွေ၊
ငါးမျှားချိတ်တွေ၊ ထမင်းဘူးတွေ အသေအချာပြင်လို့
ကားပေါ်တင်ခါနီးမှ ဆွဲခေါ်ချလာတာ
အိမ်ဘေးက လမ်းသွယ်တွေရဲ့ စုပေါင်း မြောင်းကြီးနားကို ။ပိတ်ထားတဲ့ အဖုံးကို ရအောင်ဆွဲခွာလိုက်တာနဲ့
ဝုန်းခနဲထွက်လာတာ ခြင်တွေ ။ ပုပ်အက်အက်အနံ့က
Lisa ကို ဆယ်နှစ်တာ အိုစာ သွားစေတယ် ။" အရင်နှစ်က ဒီချိန် တကယ်ရေပြည့်နေတာ
Appa နဲ့အတူ ငါးတွေအများကြီး ဖမ်းမိနေကျ "" အဲ့ငါးတွေ မကြီးဖာသာစား "
" ဘယ်ကရရ ငါးပဲကို
အဆင့်အတန်းတွေ လာခွဲနေတယ် "" ရောဂါဖြစ်မှ ဆေးရုံတန်းရောက်ကုန်မှာ
တော်ပြီ လူက အပျော်လုံးကြီးဆို့ပြီး ထပြေးလာတာ
မကြီးက လာစားနေတယ် ... ပြန်တော့မယ် "" နေပါဦး ပြင်လာပြီးမှတော့ ဒီမှာပဲ ပျော်ပွဲစားထွက်မယ်လေ
Date ကြမယ် ဘယ်လောက် တိတ်ဆိတ် ငြိမ်းချမ်းလိုက်သလဲ "Lisa စိတ်ပျက်လက်ပျက်
မျက်လုံးကို ဝေ့ကြည့်လိုက်တော့ အိမ်ပေါ်ကနေ CCTV လို
မျက်တောင်မခတ် စပ်စုနေတဲ့ အဘွားကြီးရယ်၊ ခြင်အုပ်ကြီးရယ်၊
ပုပ်စော်နံနေတဲ့ မြောင်းကြီးရယ်။ ကြည်နူးစရာပဲ ။
Awesone !" မကြီးတစ်ယောက်တည်း စားပိုးနင့်အောင် စားနေလိုက် "
ဖင်ခါပြီး ထွက်သွားတဲ့ကောင်မလေးကို ကြည့်ရင်း
Jennie ထမင်းလိပ် တစ်ခု ထုတ်ဝါးလိုက်တယ် ။
YOU ARE READING
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomanceDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)