Unicode 🦋
------------မိုးလင်းတိုင်း ကောင်မလေးကို လွမ်းတယ်
နေ့လည်လည်း လွမ်းတာပဲ ~ ညရောက်တဲ့အခါမှာတော့
Jennie ရဲ့ ကမ္ဘာ့ဝန်ရိုးစွန်းမှာ လမင်းအစား
ပူတူတူးလေး လည်ပတ်နေတယ်လွမ်းရတာကြာလာတော့ လွမ်းတယ်လို့တောင်
မထင်တော့ဘူး ~ ဒီအတိုင်းလေးပဲ လူတစ်ယောက်က
Jennie ရဲ့ ရင်ဘက်ထဲမှာ အမြဲရှိနေတယ်" အရှေ့မှာ ရွှေဧည့်သည်ရောက်နေတယ် "
" သမီး ဘယ်သူ့ကိုမှ
တွေ့ချင်စိတ်မရှိဘူးဆိုနေ "" ရည်းစားမရှိဘဲနဲ့များ
အသည်းလာကွဲပြနေတယ် ရှက်ပါ့အေ "" Omma ထွက်သွားပေးပါနော်
သမီးကို တစ်ယောက်တည်းလွှတ်ထားပေးပါ "Omma က မျက်စောင်းထိုးပြီးလှည့်ထွက်သွားတယ်
စိတ်ဆိုးလည်း ဆိုးပါစေတော့ ~ အသည်းကွဲတယ် ဆိုတဲ့
ခေါင်းစဥ်တပ်မရပေမယ့် ရင်ထဲမှာ နေလို့မကောင်းဘူး
ဘယ်သူ့ဆိုဘယ်သူနဲ့မှ တွေ့ချင်စိတ်လုံးဝမရှိဘူး'ကျွီ '
" Omma ဘာဖြစ် ~ ဟင် "
အခန်းဝကို မှီရင်း
မတ်တပ်ရပ်နေတဲ့ကောင်မလေး က
ကျောပိုးအိတ် လွယ်ထားပြီးတော့
Jennie ကို သေချာစိုက်ကြည့်နေတယ်တစ်နေရာရာကို သွားမလို့လား
ဒါမှမဟုတ် ဘယ်ကပြန်လာတာများလဲ ~" ဘာတွေမကြည်မလင်ဖြစ်နေလို့
အခန်းထဲကနေ အပြင်ကို မထွက်တာလဲ ? "" ဘားမှ မကြည်မလင် မဖြစ်ပါဘူး
ဒါနဲ့ ကောင်မလေးက ဒီကို ဘာကိစ္စရှိလို့လဲဟင် ? "" ဒီအတိုင်းလာခဲ့တာလေ
ဘာလဲ ~ လာတာမကြိုက်လို့လား
အာ့ဆို ပြန်မှာနော် "နောက်လှည့်ပြန်ဖို့လုပ်နေတဲ့
ကောင်မလေးကို ကမန်းကတန်းပြေးဆွဲတော့
အနောက်မှာရပ်နေတဲ့ Omma က
တလောကလိုမျိုး ခါးကြီး ထောက်လို့
Jennie တို့ကို ရှုတည်တည် ကြည့်နေခဲ့တယ်
YOU ARE READING
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomanceDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)