Unicode 🦋
-------------၇ နှစ်ကြာသော် ...
" မကြီး ကလေးအော်နေပြီလို့ "
" သွားချော့လိုက်လေ "
" ကြောင်မ ကလေးမွေးတာ ကူကြည့်ပေးနေတယ်လေ "
အံကြိတ်သံပါလာတော့ Jennie ခေါင်းအုံးကို
ထုရိုက်ရင်း အိပ်ယာပေါ်က ကုန်းရုန်းထလာရတယ် ။ကလေးက အိပ်ယာက နိုးလို့ အော်ငိုနေပြီ ။
အသင့်ဖျော်ထားတဲ့နို့ဘူးကို အပူစမ်းရင်း စိတ်ချရမှ
ကလေးငယ်ကိုတိုက်လိုက်တယ် ။
မလှမ်းမကမ်းမှာ ကြောင်မ ဗိုက်ကို
အသာပွတ်ပေးနေတဲ့ ကောင်မလေးရှိတယ် ။" သူ့ကို သားကြော ဖျက်ရအောင် ... မွေးနိုင်လွန်းတယ်
ဘယ်ကကောင်တွေနဲ့ ဖြစ်လာမှန်းလည်းမသိဘူး "" ကလေးသာတိတ်အောင်ချော့စမ်းပါ နားအူတယ် "
" အသဲတုံးပဲ သွားခေါ်လာပြီးတော့ "
" မကြီးရဲ့သူငယ်ချင်း Irene ကို ပြောလေ "
သူတို့ကိုအားကျလို့ဆိုပြီး ကလေးယူဖို့အတွက်
နည်းမျိုးစုံကြိုးစားခဲ့တဲ့ Irene က အတော်လေးကြာမှ
သူ့ကြင်ဖက် Seulgi ရဲ့ ကိုယ်ဝန်ကို လွယ်နိုင်ခဲ့တယ် ။အိမ်ထောင်ဖက် ငယ်ငယ်ချောချောလေးကို ယူထားပြီး
အခုဆိုရင် ကလေးအမေဖြစ်နေပြီဖြစ်တဲ့ Irene က
အပျိုလုပ်ဖို့ပဲ တွေးနေသလားမပြောတတ် ။ သူ့သမီးလေးက
Jennie တို့ အိမ်ပေါ် အချိန်မရွေးသောင်တင်လာတယ် ။" ဘယ်အချိန်ရှိပြီလဲ ... သမီးလေးကို ကြိုရဦးမယ် "
" သုံးနာရီ "
" ကောင်မလေးပဲ ကလေးကိုသွားကြိုလိုက်ပါလား "
Lisa က နာရီကိုကြည့်ပြီးတာနဲ့ ကျွတ်သပ်လိုက်တယ် ။
ကားသော့ဆွဲရင်း ထထွက်သွားတာ အလောတကြီး ။" Kuma ပါ ဝင်ခေါ်ခဲ့ပါလား ? "
" ခေါ်ခိုင်းပြီး အိပ်ယာထဲပြန်ဝင်ရင်လုပ်မှာနော် "
" မချစ်တော့ဘူးလား မကြီးကို ?
ဘာလို့ဟောက်နေတာလဲ တကယ်ပါပဲ "
STAI LEGGENDO
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
Storie d'amoreDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)