Unicode 🦋
------------Hotel ကို ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ
အနောက်ကနေ ခပ်လှမ်းလှမ်း လိုက်ပါလာတဲ့
Kim Jisoo နဲ့အတူ မိမိ မျက်နှာမှာ
ပျော်ရွှင်မှုတွေ နဲ့ အပြုံးတွေက အပြည့်ပင် ။အသက်အရွယ်ကြောင့်လား မသိပေမယ့်
ထိုအမျိုးသမီးကို တည်ငြိမ်ရင့်ကျတ်လိမ့်မယ် လို့
Chae ထင်ခဲ့မိတာ ။ ဒါပေမယ့် သူမက
ကလေးဆန်ပြီး ပျော်ပျော်နေတတ်တဲ့သူပဲ ။လမ်းလျှောက်နေရာကနေ ခြေစုံရပ်ပစ်လိုက်ပြီး
အနောက်ကိုလှည့်ကြည့်တော့ Kim Jisoo က
ရောက်ရာနေရာမှာ ချက်ချင်း ရပ်သွားပြီး
Chae ကို ပြူးကြောင်ကြောင်လေး ကြည့်နေတယ် ။" ဘေးမှာယှဥ်ပြီး လမ်းလျှောက်ပါလား
ဘာလို့ အနောက်ကနေ လိုက်နေရတာလဲ Jisoo shi
ကျွန်မ နောက်ကျောတောင် မလုံချင်တော့ဘူး "" သိပါပြီ သိပါပြီ
တောင်းပန်ပါတယ်နော် Chae "ဘေးနားကိုရောက်လာတဲ့ သူမအား
Chae မျက်စောင်းထိုးပြီး Hotel ဆီကို
လမ်းဆက်လျှောက်တယ် ။ဒီတစ်ခါတော့ Jisoo က
ဘေးနားမှာ အတူပါလာခဲ့သည် ။" ဒါဆို ခုဏက ကိုယ်တို့ ပထမဦးဆုံး Date မလား "
" ဘာကြောင့်လဲ ဘာလို့ Date လဲ "
" Coffee ဆိုင်မှာ ကိုယ်တို့ Date ခဲ့တာလေ "
" မဟုတ်ပါဘူး ကျွန်မတို့ ရင်းနှီးတာ
ဘယ်လောက်ကြာသေးလို့ Date ရမှာလဲ "" ကိုယ်က နိုင်ငံခြားမှာ အနေများတယ်
အဲ့တော့ ကိုယ်သိတဲ့ အချစ်မှာ အချိန်ဆိုတာမလိုဘူး
နောက်ပြီး Date တာက ရင်းနှီးဖို့လည်း မလိုပါဘူး
တစ်ချို့ဆို လုံးဝ မသိတဲ့သူ အချင်းချင်းတောင် ..." Kim Jisoo shi "
" အာ ... သိပါပြီ "
အတော်ကြာတဲ့အထိ နှစ်ယောက်ကြားမှာ
တိတ်ဆိတ်သွားတယ် ။ Hotel အရှေ့ မရောက်ခင်အထိပေါ့ ။
YOU ARE READING
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomanceDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)