Unicode 🦋
------------လက်ဒါဏ်ရာက ပုံဆွဲဖို့အတွက် အဆင်မပြေဘူး ။
Webtoon တစ်ပုဒ်ကို ၅ ပိုင်းပဲ ရေးရသေးတယ်၊
နောက်အပတ်ထဲမှာ Editor က အပြီးရေးခိုင်းထားတာ ။ကောင်မလေးမှိုင်းမိနေတာနဲ့
မကြီးလည်း ဝေလေလေ ဖြစ်နေတော့တာပဲ ။လက်ကဒါဏ်ရာကို အကြောင်းပြပြီး
Editor ကို နောက်ရွှေ့ခိုင်းလိုက်မယ်လေ ။
စောင့်နေတဲ့ Fan တွေ ဆဲတော့လည်း သွားဖြဲပြရုံပေါ့၊
မကြီးက သွားတွေလှတယ် ။ကောင်မလေးအကြောင်းတွေကို တွေးမိတော့
အရင်က ကိုယ်ရူးသွပ်ခဲ့ဖူးတဲ့ Idol ပေါက်စလေးကို
ပြန်ပြီး သတိရမိသွားတယ် ။
အခုတော့ Idol က ကိုယ့်ကောင်မလေး ဖြစ်လာခဲ့ပြီ ။မကြီးကို အရမ်းချစ်ပြီး သိပ်ဂရုစိုက်ပေးတဲ့
အချောဆုံး ကောင်မလေး ၊ မကြီးရဲ့ နတ်ဘုရားမလေး ။သူနာပြုက အခန်းထဲကို ဝင်လာမလို့ တံခါးဖွင့်တော့
ပတ်တီးကြီးကိုက်ရင်း ပြုံးဖြဲနေတဲ့လူနာကို တွေ့လိုက်ရတယ် ။
ကြောင်ကိုကယ်ရင်း ကလေးကစားကွင်းက
ပြုတ်ကျလာသည့် လူနာတဲ့ ... မဟုတ်မှလွဲ
ဒီလူနာ ဂေါက်စီကွေးများလား ။အခန်းတံခါးပြန်စေ့ရင်း
လူနာစောင့်ရောက်လာမှ ပြန်လာခဲ့မယ်ဆိုပြီး
ထိုအခန်းကို ခဏထားခဲ့လိုက်ရသည် ။
🦋 🦋 🦋
အတွေးလွန်နေမိပြီး သတိပြန်ဝင်လာတော့
ဆေးရုံအဝင်ဝကိုမြင်ရတဲ့ ပြူတင်းပေါက်ဆီ
Jennie ခေါင်းပြူကြည့်မိသည် ။
ကောင်မလေးက မုန့်သွားဝယ်တာကြာလိုက်တာ ။" ဘာတွေ ချောင်းကြည့်နေတာလဲ "
" ဘုရားကြီး ငုတ်တုပ် "
" အာရုံက ဘယ်လွင့်နေလို့လဲ "
" ကောင်မလေးက ကြာတာကိုး
မကြီးတစ်ယောက်တည်း ပျင်းနေတာ "" မုန့်သွားဝယ်တာ ဆိုင်မှာ လူရှုပ်နေလို့လေ
Lisa တစ်ယောက်တည်း စောင့်လို့မှမဖြစ်တာ
အဲ့ဒါကြောင့် သက်တော်စောင့်ကို လှမ်းခေါ်ရသေးတယ် "
BINABASA MO ANG
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomanceDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)