Unicode 🦋
-------------" အယ် အံ့ပါရဲ့ ဒီကောင်မလေးက ဘာလဲဟယ် "
" ချစ်စရာလေးနော် Lily ကို မရလည်း
သူ့ဝန်ထမ်း ကောင်မလေးကိုတော့ လိုချင်မိသား "ကင်မရာကိုင်ထားတဲ့ နှစ်ယောက်က ဓါတ်ပုံတွေကြည့်ရင်း
ဝေဖန်လေကန်လို့နေတယ် ။ ကြည့်ပါဦး၊ Lily က မျက်နှာကြီး
မှုန်ကုတ်လို့ ထို အမကြီးကို သူ့နောက် ဆွဲဆွဲသွင်းရင်း
မသိရင် ကြက်မေမေကြီး ကြက်ပေါက်လေးကို စိတ်မချလို့
လည်လိမ်သလို အနောက်ကို လှည့်လှည့်ကြည့်နေခဲ့တယ် ။သက်တော်စောင့်တွေက Lily ကိုပဲ ဆွဲရမလို၊
Lily သဲသဲလှုပ်နေတဲ့ ထို ပုပုလုံးလုံး အမကြီးကိုပဲ ဆွဲရမလို၊
သူတို့မှာ လူအုပ်ကြားထဲ ယောင်လည်လည်ဖြစ်လို့ ။Fansite တကာ ရိုက်သမျှပုံထဲ အလုံထုပ်ထားတဲ့
အငယ်ဆုံးလေးပုံထက် ပြူးကြောင်ကြောင်လေးနဲ့
အမကြီး တစ်ယောက်ပုံက ထင်းနေတော့တာပဲ ။သူ့အမ Chae လေးက Lily ကို ဂရုစိုက်တာ သာမန်ပဲ၊
ဒါပေမယ့် အငယ်ဆုံးလေး Lily က ထို အမကြီးကို
မျက်စိအောက်က အပျောက်မခံ ဂရုစိုက်နေတာ၊
ဘုရား ဘုရား ... ကောင်မလေးရယ်၊ ဒါနင့်ရဲ့ ဘာလေးလဲကွယ် ။🦋 🦋 🦋
လူအုပ်ကြားထဲ ဖောက်ထွက်လာခဲ့ပေမယ့်
ရှုတင်ရိုက်ကွင်းထဲ ရာချီတဲ့ staff တွေ အကသမားတွေ
ပြည့်နေတော့ Jennie ဇောချွေးထွက်လာခဲ့တယ် ။
အရင်က Fangirl တစ်ယောက်အနေနဲ့ လူအုပ်ကြား
တိုးရတာ မဆန်းပေမယ့် အခုတော့ လူအားလုံးက
ကိုယ့်ကို အကဲခတ်နေသလို ခံစားနေရတယ် ။
စိတ်မလုံမိတာတော့ အမှန်ပဲ၊ ကိုယ်က ကောင်မလေးရဲ့
ဆိုင်ရာပိုင်ရာ ဆိုတော့ အိန္ဒြေလေးလည်း ထိန်းရတယ် ။ကောင်မလေးက ခေါင်းတစ်ချက်ငဲ့လာပြီး သူ့လက်ဖဝါးကို
နောက်ပြန် ကမ်းပေးလာခဲ့တယ် ။ Jennie လွယ်အိတ်ထဲက
Green Tea ဘူးထုတ်လို့ လက်ဖဝါးထဲ ထည့်ပေးလိုက်တယ် ။
YOU ARE READING
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomanceDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)