Zawgyi..
တဖြည်းဖြည်းနဲ့ ကားလေးက စံအိမ်ဆီဝင်လာခဲ့သည်။
ကုန်းမြင့်တစ်ခုအပေါ်မှာ ဆောက်ထားတဲ့ တိုင်ရှည်
အိမ်ဟာ အရမ်းကိုခမ်းနားလွန်း၏။
ဒါပေမယ့် ထိုခမ်းနားမှုဟာကောင်လေးရင်ထဲက
အပူတွေကိုမငြိမ်းစေပါ။ ဗလာဖြစ်နေတဲ့
ကောင်လေးက ထိုခမ်းနားမှုတွေကို မမြင်နိုင်ခဲ့။အိမ်ထဲရောက်လာသည့်တိုင်အောင် ဒီကောင်လေး ဓိပ်ကိုတချက်မှမကြည့်သေးဘူး။ လေလိုကို သဘောထားထားတာ။ မမြင်ချင်ယောင် ဆောင်ရအောင်လည်း
ဓိပ်က ၆ပေ၃လက်မအရပ်ရှိတဲ့ လူတစ်ယောက်ပါ။
ဘော်ဒီကလည်း Abs တွေရှိပါတယ်နော်။
ကိုယ်ပျောက်လူသား ဖြစ်ရလောက်အောင်
မသေးကွေးပါဘူး။*အင်း အရပ်ကွာနေတော့ မော့ကြည့်ရမှာ
လည်ပင်းညောင်းလို့များလား* လို့
ကြံဖန်ကိုတွေးမိသေးသည်။ အပေါ်ထပ်တက်ပြီး
အင်္ကျီလဲပြီးတော့ ဧည့်ခန်းမှာထိုင်နေတဲ့
ကောင်လေးဆီ လျှောက်လာရင်း သူ့ဘေးနား ဝင်ထိုင်လိုက်သည်။"ဘာသောက်မလဲ.."
မေးလိုက်ပေမယ့် အကြည့်တချက်ပြန်မလာပဲ"ရေပဲပေးပါ.."
ဆိုလာသူရဲ့ ပါးလေးတွေကို ဘေးတိုက်ငေးရတာ
ရင်ခုန်ရပါသည်။"ရေပူလား ရေအေးလား.."
"ရိုးရိုးရေပဲပေးပါ.."
"ဘယ်တံဆိပ်သောက်မလဲ.."
ထပ်မေးတော့မှ လှည့်ကြည့်လာလေသူပါ။ရေကိုတောင် အမျိုးအစားခွဲနေသူကြောင့် Soul လှည့်ကြည့်မိတော့သည်။ သူယူမယ့်လူက
ကျပ်မှပြည့်ပါရဲ့လားလို့ပင်။လှည့်ကြည့်တော့လည်း ခပ်တည်တည်ကြည့်နေတဲ့သူကို ခုမှသေချာမြင်ဖူးတော့သည်။ အင်း
လူချောတစ်ယောက်ပင်။
ဒီလိုပြီးပြည့်စုံပြီးချောမောတဲ့ လူတစ်ယောက်က ဘာလို့များ သူ့ကိုလိုချင်တာလဲ။ ခုမှစတွေ့ပေမယ့် မစိမ်းသလိုဖြစ်နေတဲ့ ခံစားချက်က ဘာများလဲ။ ချောမောတယ် ခန့်ညားတယ် ဥစ္စာရှိတယ်။ ဒါဆို မိန်းမကောင်းလေးနဲ့လက်ထပ်ပြီး ပျော်ရွှင်စရာမိသားစုရနိုင်ရဲ့
သားနဲ့ ဘာလို့ ဒီလို ယောကျာ်းသားတစ်ယောက်ကို ယူမှာလဲ။
ВЫ ЧИТАЕТЕ
Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)
Любовные романыzawgyi.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တောင်းလာခဲ့သူကို လက်ခံရင်း ဓိပ္ပါယ်နဲ့တွေ့ဆုံခဲ့သူ ရှင်းသက်ပိုင် (ခေါ်) Soul ပြုံးရယ်စေချင်တဲ့ ဆန္ဒနဲ့ စိတ်ပျက်စရာဖခင်လောင်းရိပ်အောက်က Soul ကိုဆွဲထုတ်ခဲ့သူ ဓိပ္ပါယ် unicode.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တော...