Part 10 🌵🌵

4.4K 377 10
                                    

Zawgyi....

ဓိပ်လည်း ဧည့်ခန်းထဲဝင်လာတော့ မိန့်မိန့်ကြီး
ထိုင်နေတဲ့ မင်းမြတ်ဒီပါကိုတွေ့လိုက်ရသည်။
လင်းပြည့်ကတော့ ရိုသေသမှုအရ ဦးညွတ်လိုက်ရသည်။
မင်းမြတ်ဒီပါက တချက်ကြည့်ပြီး လက်ခံတယ်ဆိုတဲ့
သဘောနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး ဓိပ်ဆီ
လျှောက်လာလို့

"ကိုယ်က မင်းမြတ်ဒီပါပါ.. Soul ရဲ့အထက်အရာရှိ
အဖြစ် ဒီနေ့ကစပြီး အလုပ်ဝင်လာတာပါ.."
ဆိုပြီး ပြုံးပြီးပြောပေမယ့် ဓိပ်တို့ကတော့ ဂရုကိုမစိုက်တာ။

အဲဒီအချိန် မီးဖိုခန်းထဲကနေ ရေခွက်ကိုင်ပြီးထွက်လာတဲ့ Soul ကိုမြင်တော့ ဓိပ်ကချက်ချင်းပင်

"အော်..ကိုမင်းမြတ်ဒီပါက ပြန်တော့မှာလား..
နောက်ခါလည်း လာမလည်ပါနဲ့.."
ဆိုပြီး လာမလည်ပါနဲ့ဆိုတဲ့ စကားကိုတော့ Soul
မကြားအောင် အသံဖော့ပြီး ပြောလိုက်သည်။

"Soul လေးရေ ကိုယ်ပဲ လိုက်ပို့ပေးလိုက်
တော့မယ်နော်.."
ဆိုပြီး မင်းမြတ်ဒီပါနဲ့ ကားရပ်ထားတဲ့နေရာထိလျှောက်လာတယ်။ ဘယ်သူမှမရှိတော့မှ

"မင်းက အခုထိ ငါ့လူကို သံယောဇဉ်
တွယ်နေတုန်းလား ဟမ် !.."

"သူနဲ့ငါက စပြီး​မွေးဖွားလာကတည်းကိုက
အတူတူကြီးပြင်းလာတာ မင်းထက်စာရင်တော့
ပိုပြီးသံယောဇဉ်ပိုတယ်ဆိုတာ သိတယ်မလား...
မင်းတို့ကြားဝင်ရှုပ်မှာ မဟုတ်ပေမယ့်
မင်းတို့၂ယောက်တည်းကိုပဲ လွှတ်ထားမှာလည်း
မဟုတ်ဘူး.."

"အဟက် ဒါကသူငယ်ချင်းမေတ္တာလို့
ပြောဦးမလို့လား.."

မင်းမြတ်ဒီပါလည်း ဘာမှမပြောပဲ ကားပေါ်တက်ပြီး
မောင်းထွက်လာသည်။

ဓိပ်လည်း အိမ်ထဲ ချက်ချင်းဝင်ပြီး Soul ကိုရှာတော့ မီးဖိုခန်းထဲ မရှိတော့ဘူး။ အိပ်ခန်းထဲရောက်တော့မှ
ရေချိုးခန်း ဝင်နေတဲ့  Soul ကိုစောင့်နေလိုက်တယ်။

ရေချိုးပြီးထွက်လာတဲ့ Soulမျက်နှာကို
တဘက်လေးနဲ့ခပ်ဖွဖွ သုတ်ပေး ဆံပင်တွေ
သုတ်ပေးနေတော့ ဓိပ်လက်ထဲက တဘက်ကို ပြန်ယူပြီး

"ကျွန်တော့်ဘာသာ လုပ်ပါမယ်..
ခင်များ ရေချိုးလိုက်လေ..တနေ့လုံး
ပင်ပန်းနေမှာပေါ့.."

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now