Zawgyi...
ဓိပ်လည်း သက်သာတာမြန်လို့ဆေးရုံမှာ ၂ရက်ပဲ
နေလိုက်ရပြီး Soul တို့အိမ်ကို
လိုက်လာခဲ့သည်။
ရှေ့နေကဦးစွာ စကားစပြီး"ဒါက အကြွေးဆပ်ပြီး ကျန်တဲ့ပိုက်ဆံအကုန်ပါပဲ..
သိန်း၃၅၀၀မှာ အကြွေးက သိန်း ၃၀၀၀ပါ..ကျန်တာက သိန်း၅၀၀ ပါ.. မောင်ရှင်းသက်ပိုင်ခွဲဝေမှုအရ
ဦးမင်းဇော် ၊ ဒေါ်ရတနာမိုး၊ မောင်မင်းသန့်ဇော် တို့ကိုသိန်း၁၀၀စီ ခွဲဝေပေးမယ်လို့ပြောပါတယ်..
ကျန် သိန်း ၂၀၀ ကိုတော့ နေစရာအိမ်ပေးခဲ့တဲ့ အဘွားတို့ကို ပေးပါမယ်.. ယခုလက်ရှိ နေအိမ်ကိုလည်း အဘွားဖြစ်သူဆီ ပြန်အပ်ပါမယ်တဲ့..""ကျွန်မမယူဘူး "
"ကျွန်တော်လည်းမယူဘူး .."
ဆိုပြီး ဒေါ်ရတနာမိုးရော မင်းသန့်ဇော်ကပါ
ပြောလာသည်။"ယူလိုက်ပါအမေက တရားစခန်းဝင်ရင်တောင်
လစဉ်စရိတ်လိုတယ် ယူထားလိုက်ပါ..အစ်ကိုကလည်း
လုပ်ငန်းမှာနောင်တစ်ချိန် လိုလာနိုင်တာမို့ ယူထားလိုက်ပါ..""ငါ့သားအတွက် ဘာမှမရှိတော့ဘူးလေ...
ငါ့သား ဘယ်လိုလုပ်မလဲ..""ကိုဓိပ်ပေးထားတဲ့ ကွန်ဒိုနဲ့ကား ကျန်သေးတာမို့ မပူပါနဲ့.."
"ငါ့အတွက် သိန်း၁၀၀ ကမနည်းဘူးလား.."
ဆိုပြီးပြောလာတဲ့ ဦးမင်းဇော်ကို ဓိပ္ပါယ်က
တချက်ကြည့်ပြီး"အကြွေးတွေ ကိုယ့်ဘာသာဆပ်မလား သိန်း၁၀၀
ယူမလားဦးလေး.."
ဆိုတော့မှ ပါးစပ်ပိတ်သွားတော့သည်။"ပြီးတော့ ကျွန်တော်ဒီနေ့ ကိုဓိပ်အိမ်ကို လိုက်သွားရတော့မှာမို့ ပစ္စည်းတွေ သယ်သွားတော့မယ်.."
ဆိုပြီးSoulပြောတော့ ဒေါ်ရတနာမိုးကငိုနေခဲ့သည်။"စိတ်မပူပါနဲ့ ကျွန်တော်တို့ဆီ ကြိုက်တဲ့ချိန် လာလည်ပါ..Soul ကိုတွေ့ချင်ရင် ခေါ်လိုက်လို့လည်း ရပါတယ်.."
"သားအဘွားတွေဆီ အခုသွားမှာမလား..
အမေလိုက်ခဲ့မယ်.."Soul က အသာခေါင်းခါပြရင်း
"အမေ့ကိုပြောဆိုကြလိမ့်မယ်..ထားလိုက်ပါ.."
"ကျွန်တော်ကာကွယ်ပေးမှာမို့ အန်တီစိတ်ချပါ.."
ESTÁS LEYENDO
Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)
Romancezawgyi.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တောင်းလာခဲ့သူကို လက်ခံရင်း ဓိပ္ပါယ်နဲ့တွေ့ဆုံခဲ့သူ ရှင်းသက်ပိုင် (ခေါ်) Soul ပြုံးရယ်စေချင်တဲ့ ဆန္ဒနဲ့ စိတ်ပျက်စရာဖခင်လောင်းရိပ်အောက်က Soul ကိုဆွဲထုတ်ခဲ့သူ ဓိပ္ပါယ် unicode.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တော...