Zawgyi..
ကားပေါ်မှာတော့ Soul လည်း အမေပြောခဲ့တာ
တွေ ပြန်တွေးနေမိတယ်။ တွေးမိတော့လည်း ဓိပ်ကို ကြည့်မိပြန်သည်။ဒီကောင်လေး ဓိပ်ကို ကွက်ကြည့်ကွက်ကြည့်
လုပ်နေတာ ဘာလို့လဲ။ တော်ကြာနေ
ပြတင်းပေါက်နား ကပ်လိုက် ဓိပ်ကိုကြည့်လိုက်နဲ့
အိနြေ္ဒမရတဲ့ ခွေးပေါက်လေးလိုပဲ။ အားရ
ပါးရ ဆွဲမွေ့ချင်စရာရယ်။ ဟောအခုလည်း
ကြည့်နေပြန်တယ်။"ကဲ Soul ဘာဖြစ်နေတာလဲ ပြော.."
"အဲ အိပ်ချင်လို့...."
"အိပ်လေ..လာ ကိုယ့်ပေါင်ပေါ်
ခေါင်းအုံးလိုက်..."
ဆိုတော့ မငြင်းဆန်ပဲ ဓိပ်
ပေါင်ပေါ် ခေါင်းအုံးလာတယ်။ မကြာဘူး
အသက်ရှုမှန်မှန်နဲ့ အိပ်ပျော်သွားတယ်။ အဲဒီတော့မှ
Soul နားသယ်စပ်လေးတွေကို လက်နဲ့
သပ်ပေးနေရင်း ကိုယ်ကိုကိုင်းလို့ သူ့ပါးလေးကို
ခပ်ဖွဖွ မွှေးကြူလိုက်သည်။"ကိုယ်ခင်ပွန်းကိုတောင် ခိုးနမ်းနေရပါပြီကွာ.."
ဆိုပြီးရယ်ရင်း ခပ်တိုးတိုးရေရွတ်မိသေးတယ်။မှော်ဘီကနေရန်ကုန်က အရမ်းကြီးဝေးတယ်
မဟုတ်ပေမယ့်ပြန်တဲ့အချိန်မှာ ရုံးဆင်းချိန်
ဖြစ်နေတာမို့လို့ ကားပိတ်နေပြီ။ Soul ကလည်း အိပ်သွားလိုက်တာ အခုထိ မနိုးသေးဘူး။
နှိုးဖို့အတွက် သူ့ပါးလေးဆီလက်အရောက်
ပူသလိုဖြစ်နေတဲ့ ပါးကြောင့် ဓိပ် နဖူးတွေပါ
စမ်းကြည့်တော့ ဖျားနေပြီ။ မနေ့ညက
လေသာဆောင်မှာ ထွက်နေတာ အဆုတ်
အအေးပတ်သွားပြီ ထင်တယ်။"လင်းပြည့်ရေ ဆေးရုံသာမောင်းတော့..
Soul ! Soulလေး ခဏထဦးနော်.."ဆိုပြီး သူ့ကိုဆွဲထူလို့ နဖူး ပါး လည်ပင်းတွေကို
စမ်းကြည့်တော့ အဖျားက ၁၀၀ လောက်
ရှိရော့မယ်။ ခေါင်းတောင်မထောင်နိုင်ပဲ ငိုက်ကျနေတဲ့သူ့ကို ရင်ခွင်ထဲ ဆွဲပွေ့ထားမိသည်။ပြီးတော့ ဆေးရုံအရေးပေါ်ခန်းချက်ချင်းသွားပြီး
အဖျားတိုင်းကြည့်တော့ ၁၀၂ ဖြစ်နေပြီ။ ဆရာဝန်က အဖျားကျဆေးထိုးရမယ်ဆိုတော့လည်း မငြင်းပဲ
အထိုးခံတယ်။ သူများတွေဆေးထိုးရမယ်ဆို
ကြောက်ကြတာ Soul ကတော့အေးဆေးပင်။
ဆေးထိုးပြီးတော့ အရေးပေါ်ခန်းမှာပဲ
ဆေးသောက်ပြီး ပြန်လာခဲ့တယ်။ ဆေးထိုးထားတာရယ်
သောက်ဆေးရယ်ကြောင့် ချွေးတွေက
ရေချိုးထားသလိုကို ထွက်လာတယ်။ ချွေးတွေ
သုတ်ပေးပြီး အင်္ကျီလဲပေးပြီးတော့ တနေရာကို
ထွက်သွားမယ့် Soul လက်ကိုဆွဲပြီး
YOU ARE READING
Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)
Romancezawgyi.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တောင်းလာခဲ့သူကို လက်ခံရင်း ဓိပ္ပါယ်နဲ့တွေ့ဆုံခဲ့သူ ရှင်းသက်ပိုင် (ခေါ်) Soul ပြုံးရယ်စေချင်တဲ့ ဆန္ဒနဲ့ စိတ်ပျက်စရာဖခင်လောင်းရိပ်အောက်က Soul ကိုဆွဲထုတ်ခဲ့သူ ဓိပ္ပါယ် unicode.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တော...