Part 22 🌵🌵

3K 287 11
                                    

Zawgyi...

Soul က တွေတွေလေး ကြည့်ရင်း
ပြောလာတယ်။

"ဒီအစူးကို ၁၇နှစ်ကြာ ကျွန်တော် မနှုတ်နိုင်ခဲ့ဘူး...
နှုတ်ဖို့ အင်အားမရှိခဲ့တာဆို ပိုမှန်ပါလိမ့်မယ်...ဒါပေမယ့်
လောကကြီးကလေ ဓိပ်ကို ကျွန်တော့်ဆီ
ပို့ဆောင်ပေးခဲ့တယ်..ရုန်းထွက်မရခဲ့တဲ့
ကျွန်တော့်ကို ဓိပ်က ရုန်းထွက်နိုင်အောင်
အင်အားပေးခဲ့တာ.."

ဓိပ်လက်သီးကျစ်ကျစ်ဆုပ်လို့ ခေါင်းငုံ့ထားခဲ့တယ်။
မျက်ရည်တွေက ပေါင်ပေါ်တောက်ကနဲ!
ဒီလိုတွေတွေ့ကြုံရအောင်လုပ်ခဲ့တဲ့ တရားခံက
ကိုယ်ဆိုတာကို သူသိရင် ခုလိုကျေးဇူးတင်နိုင်ပါဦးမလား။
ဆက်ချစ်ပေးနိုင်ပါ့မလား။

တကယ်တန်း ကျိန်စာခံရတာ Soul ဆိုပေမယ့်
ဓိပ်အတွက်လည်း ကျိန်စာသင့်နေခဲ့တာပါပဲ။ ချစ်ရသူက
ကိုယ့်အစားကျိန်စာခံသွားတယ်။ ကျိန်စာကြောင့်
ဘဝတိုင်း ဆိုးရွားစွာခံစားနေရတာကို
ဓိပ်တွေ့ခဲ့ရတယ်။

အစကို ပြန်မသွားချင်ဘူးဆို
လိမ်တာပဲဖြစ်မှာပေါ့။
ဧကာဘဝမှာကတည်းက မတွေ့ခဲ့အောင်
နေလိုက်မယ်။ မချစ်မိအောင် ထိန်းလိုက်မယ်။ မဆုံစည်းရတာ ဘာအရေးလဲ။ အနည်းဆုံးတော့ ကိုယ်ချစ်ရတဲ့သူ
အခုလို ခံစားရတာမျိုး မဖြစ်ခဲ့ဘူးပေါ့။

သူတို့ပြောနေတာကို တမင်မဟုတ်ပေမယ့်
နားထောင်မိသားဖြစ်နေတဲ့ လင်းပြည့်လည်း
မျက်ရည် မဆဲတော့ဘူး။ အစ်ကိုလေးက
ဆရာ့အပေါ် အရမ်းချစ်မြတ်နိုးတာပဲ။

အခုလိုတွေ
တွေ့ခဲ့ရတိုင်းလည်း လင်းပြည့် သနားခဲ့ရတယ်။
ရင်ထဲမချိဆန့်အောင် ငိုနေတဲ့ဆရာ့ကိုမြင်တိုင်းလည်း
လင်းပြည့် ရင်နာရတယ်။ သူတို့၂ယောက်ကို
ဘာကများ ကျိန်စာတိုက်ထားတာလဲ ဒီလိုတွေထိ
ဖြစ်စေအောင်။

ပြီးတော့ Soul ကဆက်ပြောလာတယ်။
"အခုတော့ ကျွန်တော့်ရင်ထဲ ပေါ့သွားခဲ့ပြီ...
လွှတ်ချလိုက်ရတဲ့ ခံစားချက်က အရမ်း
ကောင်းလွန်းတယ်.."

ပြီးတော့ ဓိပ်ကိုလှမ်းကြည့်ပြီး

ဓိပ်လက်သီးကျစ်ကျစ် ပါအောင်ဆုပ်လို့
စိတ်လျှော့နေမိတယ်။ ဓိပ်ကြောင့်သာ
မဟုတ်ခဲ့ရင်ဆိုတဲ့ အတွေးက စိုးမိုးနေတယ်။
ဓိပ်လေ နောက်ဆုတ်ဖို့ထိ တွေးမိတယ်။
ဘဝတိုင်းပါပဲ နောက်ဆုတ်ဖို့တွေးမိတာက။
ကိုယ်နဲ့သာ မဆုံစည်းခဲ့ရင်ဆိုတဲ့ အတွေးတွေက
ရင်ထဲတူးဆွနေတာ အချိန်တိုင်းပဲ။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now