Part 13 🌵🌵

3.6K 356 22
                                    

Zawgyi..

ဒီလိုနဲ့ လက်မှတ်ထိုးပွဲနေ့ကိုရောက်လာလေပြီ။
အပြာနုရောင် တိုက်ပုံကော်လံ လည်ကတုံးလေးနဲ့
ပိုးပုဆိုးကိုဝတ်လို့ ရှင်းသန့်နေတဲ့ မျက်နှာလေးမှာ
ဆံပင်ကို သေသပ်ကျနစွာခွဲထားတဲ့ သတို့သား
ရှင်းသက်ပိုင်ဟာ လူအများကြားထဲ
အရမ်းကို ထင်ပေါ်နေလို့နေသည်။

နောက်ထပ်သတို့သားကလည်း အပြာရင့်ရောင်
ဝတ်စုံနဲ့ တိုက်ပုံဝတ်ထားတာတောင် သူ့ရဲ့
ကျစ်လစ်နေတဲ့ ဘော်ဒီကို ဖုံးကွယ်မထားနိုင်ဘူး။
၆ပေ၃လက်မဖြစ်နေတဲ့ အရပ်ဟာ ထူးဆန်းစွာပင်
ကြည့်ကောင်းပြီး ဝတ်စုံနဲ့ လိုက်ဖက်
နေလေသည်။

မကြာပါဘူး ဓိပ်သူငယ်ချင်းတွေဖြစ်တဲ့
ဆရာစစ်မင်းရယ် ကိုနေလင်း ဆိုတဲ့သူရယ်ပါ
ရောက်လာသည်။ ကိုနေလင်းကတော့ အဝါရောင်
တိုက်ပုံနဲ့ဖြစ်ပြီး ယောက်ျားလေးတန်မဲ့ သူနဲ့
အဝါရောင်ဟာ အရမ်းကိုလိုက်ဖက်ညီနေတော့သည်။

ဆရာစစ်မင်းကတော့ ပုလဲဖြူလိုအရောင်ရှိတဲ့
ဝတ်စုံကို ဝတ်ထားသည်။ ပြီးတော့ ဆရာ မင်းမြတ်ဒီပါ
ကပါ ပွဲတက်လာပေးသည်။
Soul ရုံးကလူတွေကို တစ်ယောက်မှမဖိတ်ခဲ့ပေမယ့် ဆရာမင်းမြတ်ဒီပါက ဆရာစစ်မင်းနဲ့အတူ
ပါလာခဲ့သည်။ မီးခိုးရောင်ဝတ်စုံနဲ့ မြင်ရတာလည်း
တမူထူးနေပြန်သည်။

ဆောင်းသက်လျာကတော့ သူ့သူငယ်ချင်း မြတ်နိုးဝေနဲ့ရောက်လာသည်။ Soul ကိုတောင်အာရုံမရှိပါဘူး။
ကိုဓိပ် သူငယ်ချင်းတွေဆီပဲ အာရုံ
ရောက်နေတော့တာ။

"Soul ရယ် ကိုဓိပ္ပါယ်နေရာမှာငါသာဖြစ်လိုက်ချင်တယ်.."
ပြောတော့ ဓိပ်က မည်းမှောင်နေတဲ့မျက်နှာနဲ့
စိုက်ကြည့်တော့မှ

"အဲ..ဟိုအာ့လိုသဘောမဟုတ်ပါဘူး..ကိုဓိပ္ပါယ်
သူငယ်ချင်းတွေက အကုန်အချောကြီးဆိုတော့
ကိုဓိပ္ပါယ်နေရာ ခဏရောက်ချင်သွားတာ အဟဲ.."

အဲတော့မှ ပြန်ပြုံးလာတဲ့ ဓိပ္ပါယ်ကိုကြည့်ပြီး
ဆောင်းသက်လျာ သက်ပြင်းချရတော့သည်။ ။

ပြီးတော့ မေမေနဲ့ ကြီးဒေါ်က အတူတွဲပြီး
ဝင်လာခဲ့တယ်။ Soulလှမ်းကြည့်လိုက်တော့
ဓိပ်တင်တောင်းထားတဲ့ ကားပေါ်ကနေဆင်းလာသည်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now