Zawgyi...
နောက်ဆုံးတော့ ဓိပ်က သူစိတ်ချရတဲ့ အိမ်အကူကို
ခေါ်လာခဲ့တာပဲ။ Soul ပင်ပန်းနေတာ ဘယ်လိုမှ
မကြည့်ရက်နိုင်လို့တဲ့။ ငိုအားထက် ရယ်အားသန်
ဆိုသလိုပဲ ခေါ်တုန်းကတော့ ချက်တတ်တယ်
ပြောပေမယ့် အိမ်သန့်ရှင်းရေးသာရပြီး
ချက်ပြုတ်တာ မရဘူး။ စစချင်းရက်မှာတင်
တူးသွားတယ်။ နောက်ဆုံးတော့ အပြင်က
မှာစားလိုက်ရတယ်။"ဓိပ်ရယ် ကျွန်တော် မပင်ပန်းပါဘူး ချက်နိုင်ပါတယ်ဗျာ.."
"မရပါဘူး Soul ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်ဦး
ပိန်ပါးဖျော့တော့နေတာပဲ...ကျန်းမာရေးက
မကောင်းတာကို အိပ်ရေးဝဝ အိပ်ရမယ်လေ...
မနက်အိပ်ယာထတာနဲ့ ချက်ပြုတ် အလုပ်သွား
ညနေကျ တခါပြန်ချက်နဲ့ ကိုယ်မကြည့်ချင်ဘူး..."Soul အတွက် စိတ်ပူလို့ပြောတာမို့
ဘာပြန်ပြောနိုင်ပါဦးမလဲ။ အိမ်အကူခေါ်ဖို့ကို
လက်ခံပြီး မရသေးခင်ထိပဲ Soul ချက်ဖို့
လုပ်ထားလိုက်တယ်။ ဒီနေ့က ပိတ်ရက်ဆိုတော့
မနက်ကတည်းက အေးဆေးချက်နေတာ။
ဝက်သားနဲ့ ပုန်းရည်ကြီးရယ် ငါးမုန့်ကောင်တွေကို ထားဝယ်လို ခရမ်းချဉ်သီးစိတ်၊ ငရုတ်သီးစိမ်းတောင့်တွေကို
ညှပ်ထည့်လို့ အရည်နည်းနည်းနဲ့ခပ်စပ်စပ်လေး
ချက်ထားတယ်။စိမ်းစိုနေတဲ့
ကန်စွန်းရွက်ကြော်လေးရောပဲ။ တခုရှိတာက
အရင်ကဆို ဟင်းတမျိုးပဲစားနေကျ။ Soul က
အများကြီးချက်တာထက် အစပ်အဟပ်
တည့်တာမျိုးကို ပိုကြိုက်လို့
အခုလည်း ဟင်း၂မျိုးရယ် အရွက်ကြော်ရယ်ပဲ
လုပ်ထားတာ။ ပြီးတော့ စွပ်ပြုတ်ရယ် ဒါပဲ။"ကဲပါ ဓိပ်ရယ် ကျွန်တော်ဒီနေ့ အပီ
ချက်ထားတာနော်...လာပါသွားစားရအောင်..." ဆိုပြီး
လက်ဆွဲလို့ခေါ်တော့ ထမလာသေးပဲ"Soul ကိုမချက်စေချင်တာ အဲဒါတွေကြောင့်ပဲ..
အရမ်းစားကောင်းအောင်ချက်တော့ ကိုယ့်ဗိုက်က
ပေါင်မုန့်တွေတောင် ပျောက်တော့မယ်..." ဆိုပြီး
ဗိုက်ကို ပွတ်ရင်းပြောတော့တာပဲSoul လည်း ဓိပ်ဘေးနားသွားထိုင်လို့ အင်္ကျီကို
ဆွဲလှန်ပြီး"မပျောက်ပါဘူးဗျာ ဘယ်မှာလဲပြ..ပြ.." ဆိုတော့
ရုတ်တရက် Soul လက်ကို ဆွဲယူပြီး အကြည့်တွေက
အရမ်းကို နက်ရှိုင်းလာတယ်။
STAI LEGGENDO
Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)
Storie d'amorezawgyi.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တောင်းလာခဲ့သူကို လက်ခံရင်း ဓိပ္ပါယ်နဲ့တွေ့ဆုံခဲ့သူ ရှင်းသက်ပိုင် (ခေါ်) Soul ပြုံးရယ်စေချင်တဲ့ ဆန္ဒနဲ့ စိတ်ပျက်စရာဖခင်လောင်းရိပ်အောက်က Soul ကိုဆွဲထုတ်ခဲ့သူ ဓိပ္ပါယ် unicode.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တော...