Part 2 🌵🌵

6.3K 526 4
                                    

Zawgyi...

သင်တန်းမှာလည်း စိတ်မပါလက်မပါနဲ့သင်ပြီး
ဆရာ့ဆီကတောင် အငေါက်ခံရသေးသည်။
သင်တန်းဆင်းတော့ အိမ်မပြန်ချင်သေးတာနဲ့ အေးဆေးသွားနေလို့ရမယ့်နေရာကိုတွေးကြည့်သည်။ စားသောက်ဆိုင်တစ်ဆိုင်ထိုင်ဖို့ဆိုတာလည်း
လက်ထဲပိုက်ဆံမရှိ။ နောက်ဆုံးလေအလကားရတဲ့
ကန်ဘောင်မှာသွားထိုင်ဖို့သာ တွေးမိတော့သည်။

အိမ်ဆိုတာ သူများတွေအတွက်တော့ နားခိုရာဖြစ်မလား
မသိပေမယ့် Soul အတွက်ကတော့ ငရဲခန်းပင်။
စိတ်ဆင်းရဲစရာအမှတ်တရတွေပြည့်နေတဲ့ နေရာတခုသာသာပင်။ပြန်မလွမ်းသလို ပြန်မသွားချင်ခဲ့တဲ့နေရာ
တခုအပြင် မပိုခဲ့။

ကန်ဘောင်ရောက်တော့ တဖက်တည်းရတော့တဲ့
နားကြပ်အစုတ်လေးနဲ့သာ သီချင်းနားထောင်ရင်း
ရေပြင်ကိုငေးနေမိသည်။

*ငါ့ကိုပဲ ဘာလို့ ဒီလိုလုပ်ကြတာလဲ..
ငါ့ကိုပဲ လောကကြီးကမုန်းနေတာလား..
ငါ့ဘဝမှာပျော်ရွှင်စရာတွေက မရှိတော့ဘူးလား..
ငါသေသွားခဲ့ရမှာ အသက်ဆက်ရှင်နေတာ ဒီလိုတွေကြုံရဖို့လား...မတန်လိုက်တာ..
အဲဒီတုန်းကသာဆေးဆက်မကုပဲ အသေခံလိုက်ရင် ငါဒီလိုတွေခံစားရမှာမဟုတ်ဘူး...သေချင်တာတောင်
မသေနိုင်တဲ့ ငကြောက်...သေရမှာကိုတောင် နာကျင်မှာကြောက်နေလို့မသေနိုင်ခဲ့တဲ့ ငါက သုံးစားမရတဲ့ကောင်ပဲ ...
ဒီနေရာကနေ ရုန်းထွက်ချင်လွန်းလို့ ငါကြိုးစားခဲ့တယ်.. Schorlarship ရချင်လို့ ငါ့ပိုက်ဆံနဲ့ငါကြိုးစားခဲ့တယ်..
ငါ့ကိုမထောက်ပံ့ပေးတဲ့အပြင် ငါ့ခြေလက်တွေပါဖြတ်ပြီး ဘဝတုံးအောင်ပါလုပ်နေတယ်...ငါဘာတွေများ
အပြစ်ရှိခဲ့လို့ ဒီလိုဘဝကိုပေးရတာလဲ...
ဘယ်သူ့ကိုများအပြစ်လုပ်မိခဲ့လို့လဲ..
ကျေနပ်အောင်တောင်းပန်မှာမို့ ငါ့ကိုအလင်းပြပေးပါ ငါသူကျေနပ်အောင်တောင်းပန်ပါ့မယ်...ငါ့ဘဝကိုတော့ ပြန်ပေးပေးပါလား..* ဆိုပြီးမကြားနိုင်တဲ့လောကကြီးကိုအသံတိတ်
အော်ဟစ်နေမိတယ်..

တွေးရင်းနဲ့ လိမ့်ကျလာတဲ့မျက်ရည်တွေက တားမနိုင်စွာပဲ မျက်လုံးအိမ်ကနေ တာကျိုးသလို
ထွက်လာပြီး ပါးပြင်ပေါ် လျှံကျလာတော့သည်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Hikayelerin yaşadığı yer. Şimdi keşfedin