Zawgyi....
ဓိပ်တောင်းဆိုမှုကြောင့် အမှုနဲ့ပတ်သတ်တာတွေကို
အိမ်မှာပဲ ယူဖတ်ရတော့တယ်။ ကိုစစ်ကလည်း မငြီးမငြူ
အိမ်လာပေးပါတယ်။ ဒီနေ့လည်း ကိုစစ်က သက်သေ
လိုက်ပေးမယ့် ထောင်ဝါဒါကို ခေါ်လာခဲ့မယ်ပြောတယ်။ သူ့ကိုကာကွယ်ပေးဖို့ကလည်း လိုတာမို့လို့ ကိုစစ်က သူခေါ်ထားမယ်ဆိုပြီးပဲပြောတယ်။
မနက်စာစားပြီးကတည်းက ဓိပ်နဲ့အတူတူ စောင့်နေတာ မနက်၁၀ နာရီလောက်ကြတော့ ပြိုင်ကားအဝါလေးက ခြံထဲဝင်လာတယ်။Soul ထသွားဖို့လုပ်တော့ ဓိပ်က Soul ကိုထိုင်ခိုင်းပြီး
သူပဲထသွားတယ်။ ထောင်ဝါဒါကတော့ အသားညိုညို
သူလိုကိုယ်လိုရုပ်ပါပဲ။ သူတို့ရောက်လာတော့ ဓိပ်က
Soul ကိုယ်ကို ကာထားရင်း သူတို့နဲ့အကွာအဝေး
တခုကြားမှာနေခိုင်းတယ်။ လင်းပြည့်ကိုပဲ
သောက်စရာတွေချခိုင်းလိုက်ပြီး ဓိပ်ကတော့
Soul နားကနေကို မခွာဘူး။ပြီးတော့ စကားဝိုင်းစကြတယ်။ ကိုစစ်က အသံ
ဖမ်းစက်ကို စနှိပ်ပြီး"ခင်များမြင်ခဲ့ရတဲ့ ဖြစ်စဉ်အစအဆုံးကို ပြောပြပေးပါ."
"ဟုတ်ကဲ့ ကျွန်တော် သာယာဝတီ အကျဉ်းထောင်မှာ
ထောင်ဝန်ထမ်း လုပ်သက် ၁၀နှစ်ရှိပါပြီ...စစချင်း
ကျွန်တော်ကအကျဉ်းသားတွေရဲ့
သက်မွေးဝမ်းကျောင်း သင်တန်းဘက်မှာ
တာဝန်ကျပါတယ်..နောက်တော့ အိပ်ဆောင်ဘက်
ပြောင်းပြီးတာဝန်ကျပါတယ်...တခါတလေ ညဂျူတီ
ကျတိုင်း ထောင်အရာရှိက ကျွန်တော့်ကို
အမြဲ အဆောင်တွေလိုက်စစ်ခိုင်းပါတယ်..များသောအားဖြင့် နှစ်ကြီးသမားတွေဆောင်ဘက် စစ်ရတာ
များပါတယ်...ခါတိုင်းတော့ အဆောင်အကုန်စစ်ပြီးမှဆို
၃နာရီလောက်တော့ကြာတတ်ပါတယ်..တရက်ကျ
ကျွန်တော် လက်ထိပ်မေ့ခဲ့လို့ အခန်းထဲပြန်အလာ
ထောင်အရာရှိရယ် သူ့လက်အောက်ကဝန်ထမ်း၂ယောက်က
အဲဒီသေဆုံးသူကောင်လေးကို ခေါ်သွားတာ
တွေ့လိုက်ရပါတယ်..ကျွန်တော်လည်း နောက်က
နေ အသာလိုက်သွားတော့ ဂိုထောင်ပျက်တခုထဲ
ခေါ်သွားတာတွေ့လိုက်ရတယ်...ပြီးတော့ ထောင်အရာရှိက စတင်ကန်ကြောက်တော့တာပဲ..ပြီးတော့
ပြောသေးတယ်..လူတစ်ယောက်ကို နှိပ်စက်တိုင်း
ပိုက်ဆံရတဲ့တိုင်းပြည်ကြီးမှာ ငါနေနေရတာ
လူဖြစ်ကျိုးနပ်တယ်ဟေ့ ဆိုပြီးပြောရင်း ခုံကျိုးတဲ့ထိ
ရိုက်တာပဲ.. ကျွန်တော်က နေ့တိုင်းnight duty မကျပါဘူး...ဒါပေမယ့် ကျွန်တော် တာဝန်ကျတဲ့
နေ့တိုင်းတော့ အမြဲ ရိုက်နှက်နေတာ
တွေ့တာပါပဲ..."
YOU ARE READING
Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)
Romancezawgyi.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တောင်းလာခဲ့သူကို လက်ခံရင်း ဓိပ္ပါယ်နဲ့တွေ့ဆုံခဲ့သူ ရှင်းသက်ပိုင် (ခေါ်) Soul ပြုံးရယ်စေချင်တဲ့ ဆန္ဒနဲ့ စိတ်ပျက်စရာဖခင်လောင်းရိပ်အောက်က Soul ကိုဆွဲထုတ်ခဲ့သူ ဓိပ္ပါယ် unicode.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တော...