Zawgyi...
သက်လျာနဲ့ချိန်းထားတဲ့နေရာကို ကိုဓိပ်နဲ့ ၂ယောက်တည်း ထွက်လာခဲ့သည်။ Soul တို့ Myanmar plaza
ကိုရောက်တော့ သက်လျာမရောက်သေးတာနဲ့ပဲ
Plaza ကိုပတ်ကြည့်နေလိုက်ကြသည်။၁၀မိနစ်လောက်ကြာတော့ သက်လျာရောက်လာပေမယ့် ဘေးမှာ ကောင်မလေးတစ်ယောက်ပါ ပါလာတာတွေ့လိုက်ရတယ်။
ကောင်မလေးက ဖြူဖြူသွယ်သွယ်လေး
ဝတ်စားဆင်ယင်ပုံက ခုခေတ် ကောင်မလေးတွေထက်
အတော်ပင် ခေတ်ဆန်သည်။"Soul နဲ့ ကိုဓိပ္ပါယ်တို့စောင့်ရတာ
ကြာသွားလားဟင်..
သက်လျာငယ်သူငယ်ချင်းနဲ့ မထင်မှတ်ပဲတွေ့လို့
တခါတည်းခေါ်လာလိုက်တယ်...ရတယ်မလား
ကိုဓိပါယ်...Soul သူက မြတ်နိုးဝေတဲ့...
မြတ်နိုးဝေ သူက ရှင်းသက်ပိုင်တဲ့
ငါတို့ကတော့ Soul လို့ပဲခေါ်တယ်..ဒီဘက်က
ကိုဓိပ္ပါယ် Soul ရဲ့ခင်ပွန်းလေ.."ဆိုတော့ ဓိပ်တို့ကို အံ့ဩတကြီးကြည့်လာတဲ့
ကောင်မလေးကို တချက်ခေါင်းငြိမ့်ပြရင်း
ဓိပ္ပါယ်ကတော့ Soul ကိုကြည့်ပြီးမေးလိုက်သည်။"Soul ကရော အဆင်ပြေလား.."
"ကျွန်တော်က ကိုဓိပ်..."
"Hey ကိုယ်ပြောထားတယ်လေကွာ..
ကိုယ့်သဘောကိုမတွေးနဲ့ Soul သဘောကိုပဲ
တွေးလို့လေ..ကဲပြော.."ဆိုပြီး Soul ကို နူးနူးညံ့ညံ့ပြောနေတဲ့ ကိုဓိပ္ပါယ်ကိုကြည့်ပြီး သက်လျာတကယ် အံ့ဩရပါသည်။
ယောက်ျားလေး၂ယောက်ကြားမေတ္တာက
ဒီလောက်တောင် လှပနိုင်လား။ အချစ်စကားတခွန်းမဆို အကြည့်တချက် လေသံတဝှေ့မှာ ဒီလို
မေတ္တာတွေပေါ်နေအောင် လုပ်နိုင်ပါသလား။"အဆင်ပြေပါတယ် သက်လျာ.."
"အော် ညီမသက်လျာကိုလည်း အစ်ကို
မေတ္တာရပ်ခံချင်တာရှိပါတယ်..နောက်တခါ
အစ်ကို့သဘောထက် Soul သဘောကို
တောင်းခံပေးပါ..."
ဆိုပြီး လူကြီးလူကောင်းဆန်ဆန် တောင်းဆိုလာသူကို သက်လျာဘယ်နည်းနဲ့
ငြင်းနိုင်မှာပါလဲ။"ဟုတ်ကဲ့ ကိုဓိပ္ပါယ် သက်လျာမှတ်ထားပါ့မယ်..
Soul ရေ ငါတို့ ဘယ်မှာထိုင်ကြမလဲဆိုတာ ရှင်ပြောလိုက်တော့..."ဓိပ်ကတော့ Soul လက်ကလေးကိုကိုင်လို့
သူဘာပြောမလဲ ကြည့်နေသည်။
ဓိပ်ကိုပြန်ကြည့်လာတဲ့ Soul ကို ပြုံးပြုံးလေး
ပြန်ကြည့်ပေးနေတော့မှ
ВЫ ЧИТАЕТЕ
Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)
Любовные романыzawgyi.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တောင်းလာခဲ့သူကို လက်ခံရင်း ဓိပ္ပါယ်နဲ့တွေ့ဆုံခဲ့သူ ရှင်းသက်ပိုင် (ခေါ်) Soul ပြုံးရယ်စေချင်တဲ့ ဆန္ဒနဲ့ စိတ်ပျက်စရာဖခင်လောင်းရိပ်အောက်က Soul ကိုဆွဲထုတ်ခဲ့သူ ဓိပ္ပါယ် unicode.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တော...