Part 4 🌵🌵

5.2K 468 25
                                    

Zawgyi...

မနက်ရောက်တော့ အမေပြင်ပေးထားတဲ့ ချိုင့်ကို
ယူရင်း လမ်းမဘက်ကို ထွက်လာသည်။ ခါတိုင်း
ဝရံတာကနေကြည့်နေကျအမေက ဒီနေ့တော့
ထွက်မလာခဲ့ပါဘူး။ Soul လည်း ချိုင့်ကို
ကိုင်ရင်း ကလေးပစ္စည်းဆိုင်ရှေ့မှာ
စောင့်နေလိုက်သည်။ ခါတိုင်းဖယ်ရီစောင့်နေကြ
နေရာလေးကို မကြာခင်ခွဲခွာရတော့မယ်။
၅မိနစ်လောက်ကြာတော့ အကောင်းစားကားတစ်စီးက Soul ရှေ့ရောက်လာသည်။ ဟိုလူမောင်းလာတယ်
ထင်လို့ ရှေ့ခန်းမှာထိုင်ဖို့လုပ်တော့

"သခင်လေးရေ နောက်ခန်းမှာထိုင်ပါနော်..
ကျွန်တော် ငယ်ထိပ်မြွေမပေါက်ချင်ဘူးခင်မျ.."

"မင်းအခုတလောအလုပ်တွေများတော့
အနားလိုချင်နေပြီ ထင်တယ်.."
ဆိုပြီး ဓိပ္ပါယ်က ပြောလိုက်တော့

"ဆရာကလည်း ကျွန်တော်က အသက်ကြီးတဲ့ထိ
ဆရာ့ကိုအလုပ်အကျွေးပြုချင်တာ ..."
ဆိုပြီး သွားလေးဖြီးရင်းပြောရသည်။

Soul လည်းကားနောက်ခန်းထဲဝင်လိုက်ရင်း
ဓိပ္ပါယ်ကိုကြည့်လိုက်တော့ စာရွက်တွေ
ကြည့်နေတာကိုတွေ့တာမို့ Soul လည်း
အစည်းအဝေးအတွက် တွေးနေလိုက်သည်။

"ဒီနေ့ ဆရာသွားရမယ့်နေရာက Lotte hotel
နားမှာမလား..သခင်လေးရဲ့ရုံးက အာ့ဟိုတယ်
ရှေ့မှာဗျာ.."

"ဒါဆိုကျွန်တော့်ကို ဟိုတယ်ရှေ့မှာချပေးခဲ့ပါ..
မဟုတ်ရင်ကွေ့ကြောယူနေရရင် အချိန်ကုန်ပါတယ်.."

"ရတယ် အာ့နားကကားပြတ်တာမဟုတ်ဘူး
လမ်းကူးတာ စိတ်မချရဘူး.."
ဆိုပြီး ဓိပ်ကပြောတော့ လျှာရှည်သူ
တပည့်ကျော်က

"သခင်လေး ပြောတာဟုတ်တာပဲကို..
လမ်းမကူးတတ်ရအောင် သခင်လေးက
လေးဘက်ထောက်သွားတဲ့ အရွယ်လားလို့
ဆရာကလည်း.."

ဓိပ်တကယ်ကြီး စိုက်ကြည့်ပေးလိုက်မှ ဇက်ပုပြီး
ပါးစပ်ပိတ်သွားသည်။

ကားလေးက ဟိုတယ်အကျော် ကွေ့ကြောကနေ ရုံးရှေ့မှာရပ်လို့ Soulလည်း ကားပေါ်ကဆင်းရင်း ရုံးထဲဝင်သွားသည်။ ရုံးတက်လက်မှတ်ထိုးပြီး
ဌာနထဲဝင်လာလိုက်ပြီး Soul ရောက်တော့
အစည်းဝေးပွဲအတွက်ပြင်ဆင်နေကြပြီ။
Soulလည်း laptop ကိုယူလို့ စည်းဝေးခန်းထဲမှာ ချိတ်ဆက်ရင်း မိတ္တူလိုတာတွေ ဆွဲနေလိုက်သည်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Donde viven las historias. Descúbrelo ahora