Zawgyi...
ခွဲစိတ်ခန်းရှေ့ စောင့်နေရတာ ဘယ်နှစ်နာရီ
မှန်းတောင်မသိတော့ဘူး။ ခွဲစိတ်တာက ညဦးကတည်းကနေ အခုထိဆို ၄နာရီရှိနေပြီ။ တကယ်ဆို
တော်တော်လေး ကြာနေပြီ။ မနက်၆နာရီ
ကျတော့မှ ခွဲစိတ်ခန်းထဲကနေ ဆရာဝန်ထွက်လာတယ်။
ဓိပ်ရင်ခွင်ထဲမှီထားတဲ့ Soul လည်း အခုမှ ကမန်းကတန်းထပြီး ဆရာဝန်ကိုမေးရတော့တယ်။"ခွဲစိတ်တာ အဆင်ပြေရဲ့လား ဆရာ..လူနာရော
အခြေအနေဘယ်လိုလဲဟင်...""ဒီက လူနာနဲ့ ဘာတော်လဲမသိဘူး....အုပ်ထိန်းသူရော
မရှိဘူးလား...""ကျွန်တော်က အုပ်ထိန်းသူပါခင်မျ..."
ဆိုပြီး Soulကပြောလိုက်တော့မှဆရာဝန်က စိတ်မကောင်းစွာကြည့်လာပြီး
"စိတ်မကောင်းပါဘူး....ကျွန်တော်တို့ မကယ်
လိုက်နိုင်ဘူး...."ဆရာဝန်ရဲ့စကားကြားအပြီး မိုးကြိုးတစ်စင်းကSoul နားထဲ အနီးကပ်ပစ်ချလိုက်သလိုပဲ။ ချက်ချင်းငိုဖို့ရာ
ရင်ထဲ ဗလာကျင်းသွားသလိုမျိုး။ Soul ဘယ်လိုလုပ်ရမလဲ။
နားထဲ တဝီဝီမြည်နေပြီး ခန္ဓာကိုယ်နဲ့ ဝိဥာဉ်က ကွဲထွက်နေသလိုပဲ။ ပြီးမှ သတိဝင်လာတော့ ပါးပြင်ပေါ်
မျက်ရည်စီးကြောင်းက နေရာယူခဲ့ပြီ။"ဓိပ် ကျွန်တော် နားကြားမှားတာ မဟုတ်လားဟင်...
မဟုတ်ဘူးလို့ပြောပေးပါ.."
ဆိုပြီး
ဓိပ်လက်ကို အားကိုးတကြီးဆွဲယမ်းပြီး
မေးလိုက်ပေမယ့် Soul ကို
စိတ်မကောင်းသလို ကြည့်လာတာကို Soul
ပိုလို့တောင်လက်မခံချင်ပါ။ လူတစ်ယောက်က ဒီလိုပဲ
ရုတ်တရက်သေသွားနိုင်လား။ ဘယ်လိုပင် နေ့မြင်
ညပျောက်လို့ပြောပါစေ အဲဒီစကားရပ်က ကိုယ့်ဆီတော့
ရောက်မလာနိုင်ဘူးလို့ တွေးခဲ့မိတယ်။နောက်ဆုံးတော့ Soul က အသုံးအကျတဲ့သူ
သက်သက်သာ။ သူဘာတွေများ လုပ်နေမိတာလဲ။
ကိုစစ်ကို ဒီလိုတွေကြုံတွေ့စေရအောင် သူ
ဘာလုပ်နေမိတာလဲ။ သူဘယ်နေရာမှာများ
သုံးစားလို့ရလဲ။အချိန်တွေသာနောက်ပြန်ရွှေ့လို့ရမယ်ဆို ဘယ်ကို
ရွှေ့မလဲ။ သူ့သူငယ်ချင်း ကျောင်းပြောင်းမယ့်နေ့ကိုလား။ ကျောင်းပြောင်းခါနီး
ဘာပြောရမလဲ။ ခြေ၂ချောင်း မကယ်ကောင်းလို့ပြောရမှာလား။ ကိုစစ်နဲ့စတွေ့တဲ့ရက်ကိုလား။
လက်လျှော့လိုက်လို့ ပြောရမှာလား။
YOU ARE READING
Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)
Romancezawgyi.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တောင်းလာခဲ့သူကို လက်ခံရင်း ဓိပ္ပါယ်နဲ့တွေ့ဆုံခဲ့သူ ရှင်းသက်ပိုင် (ခေါ်) Soul ပြုံးရယ်စေချင်တဲ့ ဆန္ဒနဲ့ စိတ်ပျက်စရာဖခင်လောင်းရိပ်အောက်က Soul ကိုဆွဲထုတ်ခဲ့သူ ဓိပ္ပါယ် unicode.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တော...