Zawgyi....
ဒီနေ့မနက်တော့ Soul စောစောနိုးနေတာနဲ့ ခြေလက်သန့်စင်ပြီး လူနာစောင့်ကုတင်ကိုရှင်းလင်းလို့ အခန်းထဲပါ လေကောင်းလေသန့်ရအောင် Air fresher ကို ဖွင့်ထားပေးလိုက်သည်။ ဓိပ်ကိုကြည့်လိုက်တော့ နေရောင်ကမျက်နှာကို ဟပ်နေတာနဲ့
ပြတင်းပေါက်လိုက်ကာကို ပိတ်ပေးထားပြီး Soul
ကတော့ မနက်စာအတွက် ထွက်လာရတော့သည်။
ဝေးဝေးလံလံမသွားတော့ပဲ ဆေးရုံကန်တင်းမှာပဲ
ရှိတာ စားလိုက်တယ်။မနက်ကတည်းက နေအလင်းရောင်ကြောင့်
ဓိပ်နိုးနေပြီးသား။ ထဖို့လုပ်တဲ့အချိန် Soul လှုပ်ရှားသံ တွေကြားတော့
အသာနေလိုက်ပြီး သူဘာလုပ်
နေလဲဆိုတာ တချက်တချက်ခိုးကြည့်မိတာ။ ကုတင်ကိုသိမ်းပြီး အခန်းထဲမှာ သန့်ရှင်းစရာရှိတာ
သန့်ရှင်းပြီး နေစူးနေတဲ့ ဓိပ်ကိုလိုက်ကာ
ပိတ်ပေးသွားတယ်။
စကားအများကြီး မပြောပေမယ့်
တခွန်းဆိုတခွန်း၊ အေးအေးဆေးဆေး
နေပေမယ့် အပြုအမူက တခုဆိုတခု
ဓိပ်ကို နွေးထွေးစေသည်။*ဒါနဲ့ Soul က ဘယ်သွားတာလဲ.. ဟိုကောင့်ကို
မနက်စာဝယ်ခဲ့ဖို့ တခါတည်း
ပြောထားတာကို..*
တွေးနေတုန်းရှိသေး Soul
ပြန်ရောက်လာတယ်။"နိုးနေပြီလား..ရင်ထဲမှာရော
ဘယ်လိုနေသေးလဲ ..""ရင်ထဲမှာလား နာတယ်.."
ဆိုပြီးပြောတော့ ဓိပ်နားကိုရောက်လာပြီး ဟိုစမ်းဒီစမ်း
လုပ်နေတဲ့ကောင်လေးကို ကြည့်ပြီး သူ့လက်ကို
ဆွဲလို့ ကုတင်ပေါ်ထိုင်ခိုင်း သူ့ပုခုံးပေါ်
မေးတင်ရင်း"ကိုယ်မနက်နိုးတော့ Soul ကိုမတွေ့ရဘူးလေ
အဲဒါကြောင့် ရင်နာတာ.."Soul ကိုဖက်ထားပြီး ပုခုံးပေါ်မေးတင်ထားတဲ့ ဓိပ်ဟာ ရုတ်တရက် ခဏတာလောက်
ရဲသွားတဲ့ Soul
နားဖျားလေးတွေကိုတော့ မြင်နိုင်စွမ်းမရှိခဲ့ဘူး။အဲဒီအချိန် တံခါးဖွင့်ပြီးဝင်လာတဲ့ ကိုလင်းက
မြင်လည်းမြင်ရော"ဆရာ့ခန္ဓာကိုယ်မှ အားမနာ ခေါင်းကြီးသွားသွား
တင်မနေပါနဲ့..သခင်လေးပုခုံးတွေနာတော့မှာပဲ.."ဓိပ်လည်း မေးတင်ထားရာက ချက်ချင်းဖယ်ပြီး
"ဟင် နာသွားလား Soul.."
YOU ARE READING
Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)
Romancezawgyi.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တောင်းလာခဲ့သူကို လက်ခံရင်း ဓိပ္ပါယ်နဲ့တွေ့ဆုံခဲ့သူ ရှင်းသက်ပိုင် (ခေါ်) Soul ပြုံးရယ်စေချင်တဲ့ ဆန္ဒနဲ့ စိတ်ပျက်စရာဖခင်လောင်းရိပ်အောက်က Soul ကိုဆွဲထုတ်ခဲ့သူ ဓိပ္ပါယ် unicode.. ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် တင်တော...