Thirteen

878 119 18
                                    

[Unicode]

"ဝါးးး "

ဆရာမထွက်သွားသည်နှင့် ဂျုံအင် ခုံပေါ်မှောက်ချကာ အိပ်လိုက်ပြီဖြစ်သည်။အရင်နှစ်ကထပ်တော့လိမ္မာလာပြီဖြစ်တဲ့ ဂျုံအင်ဟာ အိပ်ချင်ရင်တောင် ရုပ်ပျက်ဆင်းပျက်မှောက်မအိပ်တော့။မသိမသာဘဲခိုးအိပ်တော့သည်။

"ဟဲ့ နင် မပြန်တော့ဘူးလား "

"ဟင်းး ဟုတ်သားဘဲ "

သက်ပြင်းချလိုက်ရင်း အခန်းထဲကြည့်မိတော့ ဘယ်သူမှမရှိတော့။ဝူဂျင်းနှင့်ဆူဘင်းသာအခန်းရှေ့မှာစောင့်နေလေသည်။လွယ်အိတ်ကိုကောက်လွယ်ရင်း အခန်းထဲကထွက်ခဲ့လိုက်သည်။

"ဟိတ် ဒီနေ့ ဟိုကောင်တွေနဲ့ချိန်းထားတယ် "

"တော်ပြီ စိတ်မပါဘူး "

ဂျုံအင် ဝူဂျင်းကိုပြောလိုက်ပြီး လေးကန်နေတဲ့ခြေထောက်တွေကိုအားစိုက်ထည့်ကာလျှောက်လိုက်သည်။ကိုကိုက သူ့ကိုချစ်ရင် တစ်နေ့တစ်ခါဘဲဂိမ်းဆော့ဖို့ပြောထားသည်။မနက်အစောတစ်ပွဲဆော့ခဲ့ပြီးပြီးမို့ ဒီနေ့အတွက် ဂျုံအင်မဆော့တော့ဘူး။ကိုကို အနားမှာမရှိပေမယ့် ကိုကို့စကားကိုဂျုံအင်အလေးထားသည်။

"ထူးထူးဆန်းဆန်း ဒီကောင် ဒီရက်ပိုင်းတော်တော်ထူးဆန်းနေတယ် .. မဟုတ်ဘူး ဒီစာသင်နှစ်စကတည်းကဘဲ "

ဝူဂျင်းက ဆူဘင်းနဲ့ ကျွန်တော့်အ​ကြောင်း ဆွေးနွေးနေကြသည်။ဘာမှဝင်ပြောချင်စိတ်လည်းမရှိပါ။ကိုကိုနဲ့ မတွေ့ရတာ ၁လရှိနေပြီမို့ ကိုကို့ကိုသတိရသည်။

"လွမ်းနာကျနေတာလေ "

"ဘာကိုလွမ်းနာကျတာလဲ ဘယ်သူ့ကိုလဲ"

ဝူဂျင်းကပြန်မေးနေတာမို့ သူတို့အကြောင်းကိုဆူဘင်းမပြောပြရသေးဘူးထင်သည်။ဆူဘင်းကတော့ ကိုကို အထက်တန်းဆင်းတဲ့နေ့ကတည်းကသိထားပြီးပြီ။

ဝူဂျင်းကအတင်းမေးနေပေမယ့် ဆူဘင်းကမဖြေ။ဂျုံအင် ပိုပြီးစိတ်ရှုပ်လာသည်မို့ ခြေလှမ်းတို့ကိုမြန်ပစ်မိသည်။

"အ ! "

ခေါင်းငုံ့လျှောက်လာမိတာမို့ လူတစ်ယောက်ရဲ့ရင်ဘတ်ကိုဝင်စောင့်မိတော့သည်။

In Your Arms Where I Wanna BeWhere stories live. Discover now