Twenty-One

834 116 19
                                    


[Unicode]

ဂျုံအင် စာလုပ်နေရင်း ပျင်းလာသည်မို့ ပြက္ခဒိန်ကိုကြည့်ကာ ရက်တွက်နေမိသည်။ဂျုံအင်တို့ကျောင်းဖွင့်နေတာ ခုလနဲ့ဆို ၆လရှိပြီ။စာမေးပွဲဖြေဖို့ ၄လလောက်သာလိုတော့သည်။ကိုကိုနဲ့လည်း တွေ့လိုက်မတွေ့လိုက်ပါဘဲ။နောက်ဆုံးနှစ်ရောက်နေပြီမို့ စာကိုသာဖိလုပ်ခိုင်းနေ၏။

"သား "

အခန်းတံခါးကိုတွန်းဖွင့်ရင်း ဝင်လာတာက မေမေ။လက်ထဲမှာလည်း ပန်းသီးစိပ်လေးတွေပါတဲ့ပန်းကန်နှင့် နွားနို့တစ်ခွက်။အချိန်ကြည့်မိတော့ ၉နာရီတောင်ထိုးနေပြီ။ဂျုံအင်စာအုပ်တွေကိုဘေးတွန်းလိုက်တော့ မေမေက ပန်းကန်ကိုဂျုံအင်ရှေ့ချပေးသည်။

"စာကို နားလုပ်လေ "

"ဟုတ် နားပါတယ် မေမေရဲ့ .. အိမ်စာလေးနည်းနည်းကျန်နေလို့ "

"မေ့သားလေးက အရမ်းလိမ္မာလာတာဘဲ "

ဂျုံအင် ဆံပင်တွေကိုပွတ်သပ်ပြီးပြောလာတာမို့ ငြိမ်နေလိုက်သည်။မေမေ့ကိုလိမ်ထားရတာ စိတ်မကောင်းပေမယ့် ကိုကိုနဲ့မဝေးဖို့ကဒီတစ်လမ်းဘဲရှိသည်လေ။

"အိုဆယ်ဟွန်းကိုအရမ်းချစ်တာဘဲလား "

"ဗျာ "

ဂျုံအင် အံ့သြစွာမေမေ့ကိုမော့ကြည့်မိတော့ မျက်ဝန်းမှာမျက်ရည်တွေဝဲနေလေသည်။ဂျုံအင်စိတ်ထဲတကယ်နေလို့မကောင်းတော့။မေမေ့ကို ပြန်ဖက်ရင်း အင်း ဟုဖြေလိုက်မိသည်။

"မေမေဘယ်လိုသိလဲ "

မေမေ့ကိုမေးကြည့်တော့ အိတ်ကပ်ထဲက ဖုန်းထုတ်ပြီး video လေးတစ်ခုကိုပြသည်။ရုပ်ရှင်မကြည့်ခင်ရန်ဖြစ်နေတဲ့ ဂျုံအင်နဲ့ကိုကို။တင်တဲ့သူကရုပ်တွေဝါးထားပေမယ့် ရင်းနှီးတဲ့ဘယ်သူမဆိုဂျုံအင်မှန်းသိနိုင်သည်။ထိုကိစ္စက ၆လကျော်လောက်ရှိနေပြီကို ရိုက်ထားတဲ့သူက အခုမှ IG မှာတင်ထားသည်။

ရေးထားတဲ့ Caption က " သူတို့ဘယ်လောက်ချစ်တတ်လဲ ကြည့်ပါဦး " တဲ့။

" မေ့သားကတောင် ဒီလောက်ရင်ဆိုင်ရဲနေမှတော့ မေမေ ဘာပြောနိုင်တော့မှာလဲ "

In Your Arms Where I Wanna BeWhere stories live. Discover now