Thirty-One

791 114 45
                                    

[Unicode]

" ကိုကို မနက်ဖြန် လေယာဥ်ဘယ်ချိန်လဲ လာကြိုမယ်လေ "

" ကိုကို ပြန်မလာဖြစ်သေးဘူး .. ဂျုံအင်ကိုပြောဖို့ မေ့နေတာ ကိုကို ဒီမှာခဏလောက်နေဖြစ်ဦးမယ် "

" ကိုကိုကလည်း ... "

ဆယ်ဟွန်း အင်္ကျီတွေကို အိတ်ထဲထည့်နေရင်းပြောလိုက်တော့ ဂျုံအင်ရဲ့အလိုမကျတဲ့အသံလေးထွက်လာသည်။တကယ်တော့ ခဏနေဆို သူလေဆိပ်ဆင်းတော့မှာဖြစ်သည်။

" ကိုကို တောင်းပန်ပါတယ်နော် .. ဂျုံအင် ဘွဲ့ယူတဲ့ပွဲအမီ ကိုကိုပြန်လာချင်တာပေါ့ .. ဒါပေမယ့် ကိစ္စလေးရှိနေတော့ "

" ကိုကိုကောင်မလေးရနေတာလား အဲ့မှာ "

ခပ်စူးစူးအသံလေးထွက်လာတော့ ဆယ်ဟွန်း သဘောတကျရယ်လိုက်မိသည်။ဒီကလေးကတော့ လျှောက်ထင်နေပြန်ပါပြီ။

" မဟုတ်ပါဘူး ဂျုံအင်ရယ် "

" အဲ့တာဆို ကျောင်းပိတ်သွားပြီကို ဘာလို့မနက်ဖြန်ပြန်မလာတာလဲလို့ .. ကိုကို ကျွန်တော်နဲ့ခွဲပြီး အဲ့ဒီမှာ ဘာဆက်နေစရာအကြောင်းရှိသေးလို့ "

" မူးနေတာလား ဂျုံအင် "

တဖြည်းဖြည်းလေးလာတဲ့ အသံကြောင့်ဆယ်ဟွန်းမေးလိုက်တော့ တစ်ဖက်ကအသံတိတ်သွားသည်။ဒီကလေး သောက်နေပြန်သည်။ဆယ်ဟွန်းတားမရတဲ့ထဲမှာ အသောက်အစားကိစ္စပါသည်။ဂျုံအင်က ​မသောက်ဖို့ပြောရင် ဘယ်တော့မှနားမထောင်။

" တစ်ယောက်တည်းလား .. ဘယ်မှာသောက်နေတာလဲ "

အင်္ဂလန်မှာ နေ့လည်၂နာရီမို့ ဆိုးလ်မှာည၁၀နာရီခန့်ရှိနေပြီ။တစ်ယောက်တည်းအပြင်မှာဆို ဆယ်ဟွန်းစိတ်ပူလွန်းလို့ရူးရချည်ရဲ့။

" မမူးပါဘူး .. လုံးဝ မမူးဘူး မူးစရာလား "

" ဂျုံအင် ဘယ်သူနဲ့သောက်နေတာလဲလို့ "

ခုချိန် မျက်နှာလေးမြင်ရရင် ချစ်စရာကောင်းအောင်နီရဲနေဦးမှာသေချာသည်။ဆယ်ဟွန်း ပြုံးလိုက်မိပေမယ့် စိတ်ပူတဲ့စိတ်​ကပိုနေတာမို့ ထပ်ပြီးမေးလိုက်သည်။ဘယ်သူမှမရှိရင် ဝူဂျင်းဖြစ်ဖြစ်ဖုန်းဆက်ပြီး အိမ်ပြန်ပို့ပေးဖို့ပြောရမည်။

In Your Arms Where I Wanna BeWo Geschichten leben. Entdecke jetzt