Seventeen

779 115 28
                                    


[Unicode]

"အမွေကိစ္စတွေက သက်ဆိုင်သူ ၂၅နှစ်ပြည့်မှလွှဲပေးမှာဖြစ်ပါတယ် .. ကျန်တဲ့သက်ဆိုင်သူတွေကိုလည်းအဲ့နေ့မှာဘဲ လွှဲပေးပါမယ် ဒီအတော်အတွင်းမှာ အဘိုးနဲ့အဘွားရဲ့ လူယုံကဘဲစီမံပေးပါလိမ့်မယ် "

"သက်ဆိုင်သူက ဘယ်သူလဲ . . ဆယ်ဟွန်းလား "

မနေနိုင်စွာ ဝင်မေးတဲ့ အဒေါ်ဖြစ်သူကိုဆယ်ဟွန်း စိတ်ပျက်စွာကြည့်လိုက်မိသည်။အဘိုးဆုံးပြီး ၃ရက်နေတော့ အဘွားပါဆုံးသည်ကို လာမကန်တော့ကြ။အမွေကိစ္စရှေ့နေက လှမ်းဆက်ခေါ်တော့မှ ရောက်လာကြသည်။

"အဲ့တာတော့ ကျွန်တော်ပြောပြခွင့်မရှိပါဘူး .. ဒါလည်းသူတို့ရဲ့ ဆန္ဒပါ "

"လူယုံဆိုတဲ့ သူကိုဘယ်လိုယုံရမလဲ .. သူငွေကြေးအလွဲသုံးစားလုပ်နေရင်ဘယ်လိုလုပ်မလဲ "

"အဘိုးနဲ့အဘွားကတော့ သူ့ကို သွေးသားအရင်းတွေထက်ပိုယုံတယ်လို့ပြောလေ့ရှိတယ်ဗျ .. အဟမ်း ဒါလေးအသိပေးချင်လို့ ခေါ်လိုက်ရတာပါဗျ .. စိတ်မရှိရင် ကျွန်တော်ဒီအိမ်ကိုတစ်ခါတည်းသော့ခတ်သွားချင်လို့ ဖယ်ပေးလို့ရမလားမသိဘူး "

ရှေ့နေကြီးပြောလာတော့ ဆယ်ဟွန်းလည်းယခင်နေခဲ့စဥ်က ကျန်ခဲ့တဲ့ပစ္စည်းတွေထဲကလိုအပ်မယ်ထင်တာတွေကို အိတ်နဲ့ထည့်ယူနေလိုက်သည်။အမွေဆိုတာထိုက်မှသာ ရတာမို့လို့ ဆယ်ဟွန်းကတော့အမွေဆိုတာထက် အဘိုးအဘွားကိုသာပြန်လိုချင်ပါသည်။

"ခဏ "

ဦးလေးနှင့်အဒေါ်ထွက်သွားပြီး လိုက်ထွက်ဖို့ပြင်နေတဲ့ ဆယ်ဟွန်းကို ရှေ့နေကြီးက လှမ််းတားသည်။ဆယ်ဟွန်းလက်ထဲထည့်ပေးလာသည်က ခြံတံခါးသော့။

"ဆယ်ဟွန်းနေချင်သေးရင် ဆက်နေလို့ရပါတယ် "

"ဗျာ  "

"ဒီအိမ်က ဆယ်ဟွန်းအပိုင်မို့ ဆယ်ဟွန်းဆက်နေချင်လည်းရတယ် .. သော့ခတ်ပြီး ပိတ်ထားလို့လည်းရတယ် .. ဆယ်ဟွန်းအဖေနဲ့အမေလက်ထပ်ပြီးတော့ ဒီအိမ်ကြီးကိုစဆောက်ခဲ့တာ မင်းနာမည်ကိုသူတို့ဘဲရွေးပြီး ဒီအိမ်ကြီးရဲ့ မြေပိုင်ဆိုင်မှုစာချုပ်ကို မင်းနာမည်နဲ့ချုပ်ထားတာ "

In Your Arms Where I Wanna BeWhere stories live. Discover now