Fifteen

917 115 25
                                    

[Unicode]

ကမ်းခြေရောက်သည်နှင့် ဟိုတယ်ခန်းထဲလွယ်အိတ်ပစ်ချကာ ဂျုံအင်က ကမ်းခြေဘက်ပြေးထွက်သွားတော့သည်။

ဆယ်ဟွန်းလည်း လွယ်အိတ်ကိုချွတ်ကာ အင်္ကျီတွေကိုဘီရိုထဲစီထည့်လိုက်သည်။ဂျုံအင်အိတ်ထဲက အင်္ကျီတွေလည်းထုတ်ကာ ထည့်လိုက်ပြီးမှ ထွက်သွားတဲ့ ဂျုံအင်နောက်ကိုလိုက်ရသည်။

တော်သေးသည်က ကမ်းခြေက ဒီနေ့လူသိပ်မရှိ။အုံ့စိုင်းနေတဲ့ မိုးသားတွေကြောင့်လားတော့မသိ။အပျော်လွန်နေတဲ့ ကောင်လေးကိုသိပ်မရှာလိုက်ရ။ခပ်လှမ်းလှမ်းက သဲသောင်ပြင်မှာထိုင်ကာ ပင်လယ်ဘက်ကိုငေးနေလေသည်။

"ရေမကူးတတ်ဘူးမလား "

"ကူးတတ်ပါတယ်ဗျာ "

"ရေကူးလည်းမသင်ထားလောက်ဘူးထင်တာ အားကစားဆိုအကုန်ပျင်းတာဆိုတော့ "

ဘေးမှာဝင်ထိုင်ရင်းပြောတော့ ဂျုံအင်က အထင်သေးလှချည်လား ဟူသောသဘောဖြင့်ကြည့်လာလေသည်။

"အလယ်တန်းတုန်းက စာမေးပွဲကျတဲ့အခါမျိုးတွေ အမှတ်မကောင်းတဲ့အခါမျိုးတွေမှာ ဖေဖေက အားကစားတွေဇွတ်လုပ်ခိုင်းတာ .. အဲ့တုန်းက တိုက်ကွမ်ဒိုနဲ့ ရေကူးသင်လိုက်ရတယ် .. "

"တိုက်ကွမ်ဒိုသင်ထားတာတောင် တစ်ခါ အထိုးခံရသေးတယ်နော် "

" အဲ့တုန်းက သူတို့ကအများကြီးလေ "

"ဟားဟား ဟုတ်ပါပြီ "

"အဲ့တုန်းက .. ကျွန်တော် ကိုကို့ကိုလွှတ်ပေးလိုက်တော့မယ်လို့စဥ်းစားမိတဲ့ အချိန်ဘဲ .. "

"အော် အဲ့တာလေ ဘာလို့ကိုယ့်ကိုအတင်းလိုက်ကပ်နေတာလဲ .. ကိုကိုမေးမယ် မေးမယ်နဲ့ မမေးဖြစ်တာ အဲ့ကတည်းကသဘောကျနေခဲ့လို့လား "

"ဟုတ်ပါဘူး .. အဲ့တုန်းက ကိုကိုကျောင်းပြောင်းလာတော့ ကျွန်တော့်ရဲ့ပေါ်ပြုလာဖြစ်မှုတွေဘယ်လောက်ကျဆင်းသွားတယ်ထင်လဲ .. အဲ့တာကြောင့် ကိုကို့ကိုကောင်မလေးရအောင်လုပ်မယ်ဆိုပြီး ဆူဘင်းနဲ့ချိတ်ပေးမလို့လေ .. အဟဲ "

ချစ်စရာကောင်းအောင်ရယ်ပြလာတဲ့ ဂျုံအင်ရဲ့ နှာခေါင်းလေးကိုမနာအောင်ဆွဲလိုက်မိသည်။

In Your Arms Where I Wanna BeWo Geschichten leben. Entdecke jetzt