Twenty-Six

837 110 39
                                    

[Unicode]

ဆယ်ဟွန်း နိုးလာတော့ ဆယ်ဟွန်းခါးကိုဖက်ထားတဲ့ ကောင်လေးက ရင်ခွင်ထဲမှာ။ခေါင်းလုံးလုံးလေးကိုမွှေးကြူလိုက်ပြီး နိုးလာရင် ချက်ချင်းရောက်ချလာတဲ့ ဂျုံအင်ကိုဆူဖို့ပြင်ထားလိုက်သည်။

ခါးကလက်ကိုဖယ်ပြီး နာရီကြည့်တော့ မနက်၈နာရီ။တစ်ဖက်ကုတင်မှာ ဂျွန်မင်းလည်းမရှိ။ဒီကလေးဘယ်အချိန်ကတည်းကရောက်နေတယ်မသိ။၁၂နာရီလောက်လေယာဥ်စီးခဲ့ရတော့ပင်ပန်းနေပြီထင်သည်။
ဂျုံအင်မှာလွယ်အိတ်တစ်လုံးနှင့်အင်္ကျီ ၅စုံလောက်သာပါတာမို့ ချက်ချင်းထလာခဲ့ပုံပေါ်သည်။

ဆယ်ဟွန်းတို့က ကစားရမည့်ပွဲမရှိတော့တာမို့ နောက်၂ရက်ဆိုပြန်ရမည်ဖြစ်သည်။အစကတော့စိတ်မကောင်းဖြစ်ပေမယ့် အရှုံးကိုလက်ခံလိုက်တဲ့အချိန်မှာ အရမ်းမဆိုးတော့။ကိုယ့်ရဲ့လိုအပ်ချက်ကိုလည်းသိရသည်လေ။

အိပ်ရာထကာ မျက်နှာသစ်၊သွားတိုက်လိုက်သည်။ဆယ်ဟွန်း အင်္ကျီတွေဘီရိုထဲကနေထုတ်ကာ အိတ်ထဲပြန်ထည့်နှင့် အလုပ်ရှုပ်နေစဥ် ဂျုံအင်ကခါးကိုလာဖက်လေသည်။

" ကိုကို "

" ဘယ်အချိန်ကရောက်လဲ ဂျုံအင် "

" ကိုရီးယားအချိန် မနက်၇နာရီလောက်ဘဲ .. ဒီရောက်တော့မှောင်နေပြီ  "

" အင်း ည ၁၂လောက်ပေါ့ .. ပြန်အိပ်ချင်သေးလား "

" ဟင့်အင်း ..  "

ငြင်းလာပေမယ့် ဆယ်ဟွန်းရင်ခွင်ထဲပြန်တိုးဝင်ကာ တစ်ကိုယ်လုံးမှီပြီးအိပ်နေပြန်သည်။ဆယ်ဟွန်း ဂျုံအင်ကို ပွေ့ချီလိုက်ပြီး ကုတင်ပေါ်ပြန်တင်ပေးလိုက်သည်။တင်းနေအောင်ဖက်ထားတဲ့ ဂျုံအင်ကြောင့် ဆယ်ဟွန်းပါအိပ်ရာထဲလှဲနေရတော့၏။

၁၅မိနစ်လောက်ကြာပြီးတော့မှ မို့ဖောင်းနေတဲ့မျက်လုံးတွေကိုပွတ်သပ်ရင်း အိပ်ရာကနေ ထထိုင်သည်။

" နိုးရင်လည်း မျက်နှာသစ် .. မနက်စာ စားရအောင် "

ဆယ်ဟွန်းပြောသော်လည်း ကုတင်ပေါ်ကမထတာမို့ ကိုယ်တိုင်ဘဲ ဆွဲခေါ်ပြီး မျက်နှာသစ်၊သွားတိုက်ပေးလိုက်တော့သည်။ပြီးမှ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဆံပင်လေးတွေကိုရေနှင့်ဖိပေးလိုက်သည်။ကျောင်းပိတ်ထားတာမကြာသေးတာမို့ အရောင်မပြောင်းရသေးတဲ့ ဆံပင်အညိုလေးတွေက ရေနဲ့ဖိကာသပ်ပေးမှ ပျော့ကျသွားတော့သည်။

In Your Arms Where I Wanna BeTempat cerita menjadi hidup. Temukan sekarang