Twenty-Eight

797 110 25
                                    

[Unicode]

" ဆောရီး ကိုကို နောက်ကျသွားတယ် "

Suit ခဲရောင်အစင်းကြားလေးနှင့် ဂျုံအင်က ပြေးလာတော့ ဆယ်ဟွန်း ရင်ခွင်ကိုဖွင့်ကာကြိုထားလိုက်သည်။ထင်သည့်အတိုင်း အနားရောက်တော့ ခြေချော်ပြီး ဆယ်ဟွန်းရင်ခွင်ထဲကွက်တိ။အသက်သာကြီးလာတာ ခုထိ ကလေးလို ခြေချော်တတ်တုန်း။

" အစည်းအဝေးကထင်တာထက် ကြာသွားလို့ "

ဝန်ထမ်းကဒ်ပြားလေးကိုခုမှ အသက်လုရှူရင်းဖြုတ်နေလေသည်။ကား Parking နဲ့ ဘွဲ့ပေးတဲ့ အဆောက်အအုံကနည်းနည်းလှမ်းတာမို့ အမြန်ပြေးလာခဲ့ပုံရသည်။နဖူးက ချွေးတွေကိုဆယ်ဟွန်းသုတ်ပေးတော့ ရယ်ပြလာသည်။ဆယ်ဟွန်းတို့က ဘွဲ့ယူပြီးလို့ ဓာတ်ပုံတောင်ရိုက်နေကြပြီဖြစ်သည်။ဖေဖေနဲ့ မေမေကတော့ ဆယ်ဟွန်းဘွဲ့ယူနေတုန်း ပွဲတက်ပေးပြီး ပြန်သွားကြပြီ။

" ကိစ္စမရှိပါဘူး .. လာ ဓာတ်ပုံရိုက်ကြမယ် .. ဟေ့ ဂျွန်မင်း "

ခပ်လှမ်းလှမ်းက အဖွဲ့တွေကိုဓာတ်ပုံရိုက်ပေးနေတဲ့ ဂျွန်မင်းကိုလှမ်းခေါ်လိုက်တော့ camera ကြီးလွယ်ပြီး ဆယ်ဟွန်းတို့နားရောက်လာသည်။

" လာပြီလား နောက်ကျတယ်နော် .. ချောချောလှလှကောင်မလေးတွေတောင် မင်း ကိုကိုနဲ့ ဓာတ်ပုံတွဲရိုက်ပြီးသွားပြီ ဒီမှာကြည့် "

" ဟေ့ ဂျွန်မင်း မင်း "

ဆယ်ဟွန်း လှမ်းတားချိန်ပင်မရလိုက်။အတန်းထဲက ရင်းနှီးတဲ့အတန်းဖော်တွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေကို ဂျွန်မင်းကပြနေလေသည်။

" မင်းတော်တော်မီးမွှေးတဲ့ကောင် "

" ရပါတယ် ရိုက်ကြပါစေ ကိုကိုကချောတာကိုး .. ကျွန်တော်နဲ့ ကိုကို့ကိုရိုက်ပေးပါဦး .. "

ဂျုံအင်က အေးအေးဆေးဆေးနှင့်ပြောလာသည်မို့ ဂျွန်မင်းရော ဆယ်ဟွန်းပါ မျက််ခုံးပင့်တက်သွားရသည်။ဂျုံအင်က သဝန်မတိုတော့ဘူးဆိုတာ ထိတ်လန့်စရာပင်။

ဂျုံအင်စိတ်တိုင်းကျတဲ့ထိ ဓာတ်ပုံရိုက်ပြီးသွားတော့မှ ပြန်ခဲ့ကြသည်။ဘွဲ့ယူရမှာမို့ ဆယ်ဟွန်းကခွင့်ယူပြီး ဂျုံအင်ကတော့ မယူ။အရေးကြီးအစည်းအဝေးရှိတာမို့ နေ့တစ်ပိုင်းအလုပ်တက်သည်။

In Your Arms Where I Wanna BeTahanan ng mga kuwento. Tumuklas ngayon