Four

881 147 10
                                    

[Zawgyi]

"ရဲအရာရှိကြီး .. ဟိုနားမှာရန်ဖြစ်နေတာထင်တယ် .. အသံတွေကြားနေရတယ် "

ဆယ်ဟွန်း နံရံကို မှီကာရပ်နေရင်း အနည်းငယ်အော်ကာပြောလိုက်တော့ အသံတွေ ချက်ချင်းတိတ်ကုန်သည်။ဆယ်ဟွန်းရှိတဲ့ဘက်ကိုပြေးမထွက်လာကြပေမယ့် ဆယ်ဟွန်းလမ်းကြားထဲဝင်သွားတော့ ကြမ်းပြင်ပေါ်မှီထိုင်နေတဲ့ ကောင်လေးတစ်ယောက်ကိုဘဲတွေ့ရတော့သည်။

"အဆင်ပြေရဲ့လား "

ဘောင်းဘီအိတ်ထဲက လက်ကိုင်ပုဝါကိုထုတ်ပေးပြီးမေးလိုက်တော့ ထိုကောင်လေးကမော့ကြည့်လာသည်။

"စီနီယာ အိုဆယ်ဟွန်း ?! .. အ ! စပ်လိုက်တာ "

"မင်းကတော့ တွေ့လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းချည်းဘဲ "

ဖူးယောင်နေတဲ့မျက်နှာကိုကြည့်ပြီးပြောလိုက်တော့ ထိုကောင်လေးကခေါင်းငုံ့သွားလေသည်။ဆိုးပေနေတဲ့ သူဌေးသားလေးပါလား။

"အများနဲ့ မနိုင်နိုင်မှန်းသိရင်ပြေးလေ "

"ကျွန်တော်မှားတာမှ မဟုတ်တာ "

"မင်း မမှားပေမယ့် မင်းခံရတယ်လေ  "

"သူတို့က ညစ်တာ ! "

"ငတုံးကောင်လေး "

ဆယ်ဟွန်းထိုကောင်လေးကိုပြောရင်း လဲကျနေရာမှဆွဲထူပေးလိုက်သည်။မပတ်သတ်ချင်ပေမယ့် ကိုယ်မျက်စိရှေ့လာရှုပ်နေတော့လည်း .. ။

"ကျေးဇူးတင်ပါတယ် လက်ကိုင်ပုဝါကတော့ လျှော်ပြီးမှပေးတော့မယ် "

သွေးတွေပေနေတဲ့လက်ကိုင်ပုဝါလေးကို ထိုကောင်လေးက ဆုပ်ကိုင်ထားရင်းပြောလာသည်။ဆယ်ဟွန်းခေါင်းငြိမ့်ပြလိုက်ရင်း ဘတ်စ်မှတ်တိုင်ဆီလျှောက်နေမိသည်။လမ်းသွားလမ်းလာတွေက ဆယ်ဟွန်းတို့ကို ကြည့်သွားကြသည်မို့ ဆယ်ဟွန်းမျက်မှောင်ကြုတ်လိုက်မိသည်။ပြီးမှ သက်ပြင်းအသာချရင်း ထိုကောင်လေးအင်္ကျီကိုဆွဲကာ အနီးမှာရှိတဲ့ 24hours mini mart ကိုခေါ်လာရပြန်သည်။

"ထိုင်နေ "

ဂျူနီယာကောင်လေးကို ဆိုင်အပြင်ဘက်မှာထိုင်ခိုင်းခဲ့ပြီး ဆေးနှင့် ပလာစတာဝယ်ခဲ့လိုက်သည်။

In Your Arms Where I Wanna BeWhere stories live. Discover now