Twenty-Four

940 106 61
                                    

[Unicode]

"ဘာမှ လုပ်စရာမရှိတာတောင်ပျင်းဖို့မကောင်းဘူးနော် "

" မနက်ဖြန် မြို့ထဲလျှောက်မလည်ချင်တာသေချာလား "

"ဟုတ် "

ဂျုံအင်ဆံပင်တို့ကိုဖွရင်းမေးလာတဲ့ ကိုကို့မေးခွန်းကိုခေါင်းငြိမ့်ရင်း ရင်ခွင်ထဲပိုတိုးဝင်လိုက်သည်။ရှေ့တည့်တည့်မှာရှိတဲ့ မီးသွေးမီးဖိုအကြီးကြီးကလည်း ကိုကို့ရင်ခွင်လောက်နွေးအောင်မစွမ်းဆောင်နိုင်။

"ကျောင်းဖွင့်ရင်လည်း ကျွန်တော်တို့နဲ့နေရင်ကောင်းမှာဘဲ ကိုကိုနဲ့နေ့တိုင်းတွေ့ချင်တာ "

" မဖြစ်ပါဘူး .. ဖေဖေနဲ့မေမေကိုအားနာတယ် ကိုကိိုတို့ကတရားဝင်မှလက်မထပ်ရသေးတာ မကောင်းဘူးလေ "

"အဲ့တာဆို ခုလက်မှတ်ထိုးလိုက်ကြတော့မလား "

"မနောက်နဲ့ဂျုံအင်ရာ .. ကိုကို ဂျုံအင်ကိုခမ်းခမ်းနားနားနဲ့လက်ထပ်ယူချင်တာသိရဲ့သားနဲ့ "

"နောက်နေတာမဟုတ်တာ သိရဲ့သားနဲ့ "

ဂျုံအင် မကျေမနပ်နဲ့ဘဲ ကိုကို့ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်မိတော့သည်။ဧည့်ခန်းထဲမှာရှိတဲ့ ဆိုဖာက ဂျုံအင်ရော ကိုကိုရော အိပ်လို့ရသည်အထိ အကြီးကြီးဖြစ်သည်။

ကိုကိုကတော့ ဂျုံအင်ကိုရင်ခွင်ထဲထည့်ဖက်ရင်း သူ့စာအုပ်တွေကိုဖတ်နေဦးမှာသိသည်။ဘယ်လိုမှပြောမရ။စာအုပ်တွေအပေါ်ကိုကို့ရဲ့စွဲလန်းမှုက သာမန်ထက်ပိုသည်။ဂျုံအင်လည်းပြောမရတာမို့ ကိုကိုစိတ်ချမ်းသာသလိုသာလွှတ်ထားလိုက်တော့သည်။

ဂျုံအင် မှေးကနည်းအိပ်ပျော်သွားပြီး အသိစိတ်ပြန်ဝင်လာတော့ အိပ်ခန်းထဲပြန်ရောက်နေပြီ။ကိုကိုကတော့ဘေးမှာမရှိ။ကုတင်ဘေးကမီးအိမ်ရဲ့အလင်းရောင်လေးကလွဲပြီးတစ်အိမ်လုံးမှာအလင်းရောင်မရှိ။

" ကိုကို "

တိုးတိုးခေါ်လိုက်သော်လည်းပြန်ဖြေသံမကြား။အိပ်ရာပေါ်ကနေဆင်းရင်း မီးခလုတ်ကိုဖွင့်လိုက်သော်လည်း ကိုကိုက အခန်းထဲမှာမရှိ။ဂျုံအင် အိမ်သာဝင်ပြီးတာနဲ့ ကိုကို့ကိုလိုက်ရှာရသည်။

In Your Arms Where I Wanna BeWo Geschichten leben. Entdecke jetzt