Twenty-Nine

699 107 51
                                    

[Unicode]

[Seoul, South Korea is 8 hours ahead of United Kingdom ]

" ဘာတွေငိုင်နေပြန်တာလဲ "

ဂျုံအင်တို့ တတိယနှစ်တွေကျောင်းဖွင့်နေပြီမို့ ကျောင်းကိုအလည်လာတဲ့ ဆူဘင်းကမေးလာသည်။သိနေရင်လည်းမေးမနေနဲ့လို့ပြောလိုက်ချင်ပေမယ့် ပြန်ပြောဖို့အားကိုမရှိ။

" ကိုကြီးက ခုချိန်ထိ မဆက်သွယ်ဘူးလား "

" အင်း .. ဟိုတစ်လောက ပြန်လာပြီးကတည်းက ဖုန်းဆက်မလာသေးဘူး .. ငါ့ဘက်ကဆက်ဖို့ကြတော့လည်း မအားမှာစိုးတာနဲ့ "

မွေးနေ့မှာ ဆိုးလ်ကိုခဏပြန်လာကာ အမွေကိစ္စလက်မှတ်ထိုးပြီးတာနှင့် ချက်ချင်းပြန်သွားတဲ့ ကိုကိုက အဆက်အသွယ်မလုပ်တာ ၁လနီးနီးရှိနေပြီ။အချိန်ချင်းကွာတာကြောင့် ကိုကိုက ဂျုံအင်ကိုမဆက်သွယ်တာလားမသိ။

" မအားမှာစိုးလည်း တစ်ရက်လောက်တော့ နင့်ဘက်ကဆက်သွယ်ကြည့်ပေါ့ ကိုကြီးကလည်း နင်ဖုန်းဆက်တာကိုစောင့်နေတာဖြစ်နိုင်တာဘဲ "

" အင်း "

" ကဲပါ ငိုင်မနေနဲ့ .. ငါ့ကိုကျောင်းထဲလိုက်ပြဦး နင်တို့ကျောင်းကလှတယ်လို့နာမည်ကြီးတာကို "

" နင့်ရည်းစားရှိတဲ့ကျောင်းကြမသွားဘူး ငါ့ဆီပဲလာနေတာ "

" ဟဲ့ ဝူဂျင်းက အားမှမအားတာ .. သူတို့ကျောင်းက စဖွင့်ကတည်းက Project တွေအများကြီးလုပ်နေရလို့တဲ့ "

" မအားတာသေချာလို့လား ဟိုရက်ကတောင် ငါ့ကျောင်းကိုရောက်လာသေးတယ် ..ဒါနဲ့ ငါကအရမ်း အားတဲ့ပုံများပေါက်နေလို့လားဟမ်  "

တကယ်ဘဲ။ဝူဂျင်းနဲ့ဆူဘင်း လိုက်လည်းလိုက်ပါ၏။ဂျုံအင်ကို ဒုက္ခပေးဖို့ဆို တော်တော်တက်ကြွကြသည်။ဂျုံအင်လည်း ဘယ်အချိန် စိတ်ပေါက်ပေါက်နှင့် အော်ထုတ်မိမယ်မသိ။ဆူဘင်းကတော့ တဟီးဟီးရယ်ရင်း ဘာမှမဖြစ်သလို အအေးသောက်နေသည်။

" လာ လာ .. နင်ကလေ တော်တော်ကိုအလုပ်ရှုပ်တယ် .. ကိုကိုပြန်လာတာနဲ့ နင့်ကိုဆူခိုင်းဦးမယ် "

လွယ်အိတ်ကိုကောက်လွယ်ရင်းပြောတော့ ဆူဘင်းက ဂျုံအင်လက်ကိုချိတ်ကာ ရယ်ပြသည်။

In Your Arms Where I Wanna BeTempat cerita menjadi hidup. Temukan sekarang