Five

905 147 1
                                    

[Zawgyi]

ကိုကြီး ဆိုးလ်ကိုပြောင်းလာမယ်ဆိုတာကို ဆူဘင်းကြားတာနဲ့ အခြေအနေတွေအားလုံးကိုခန့်မှန်းပြီးသားပင်။ဆိုးလ်ကိုပြောင်းလာပြီးကတည်းက မွေးရပ်မြေကိုတစ်ခါမှမပြန်ဖြစ်ပေမယ့် ဘိုးဘိုးတို့ပြောကတည်းက ကိုကြီးကအရမ်းစန်းပွင့်တယ်ဆိုတာကိုသိခဲ့ရသည်။ဆိုးလ်က သည်းသည်းလှုပ်တတ်တဲ့ ကျောင်းသူတွေနဲ့ ကိုကြီးကို ဆူဘင်းလုံးဝ သဘောမတူပါ။

ဆူဘင်းထိုအရာကိုတွေးနေတဲ့အချိန်မှာဘဲ ဂျုံအင်ကဆူဘင်းကို ကိုကြီးနဲ့အောင်သွယ်ပေးမယ့်အကြောင်းပြောလာသည်။ဆူဘင်းအကွက်ရွှေ့ စရာမလိုဘဲ ဂင်ဂျုံအင်ကသာ ထိုအကွက်ကိုယူဆောင်လာတာဖြစ်သည်။အင်းး ဂင်ဂျုံအင်နဲ့ကိုကြီးကလိုက်ဖက်တယ်လို့ဆူဘင်းတွေးမိခဲ့ပါသည်။

"ဆူဘင်း "

"အင်း "

ဝူဂျင်းက ခပ်တိုးတိုးခေါ်လာသည်မို့ ဆူဘင်းလည်းတိုးတိုးဘဲထူးလိုက်သည်။

"နင် ဂျုံအင်ကိုမကြောက်ဘူးလား ဒီလိုတွေလုပ်နေတာ "

"ဘာကြောက်စရာရှိလို့လဲ .. ကိုယ့်သူငယ်ချင်းအတွက် Guide ရှာပေးတာဘဲဟာ "

ဝူဂျင်းကိုအကြောင်းစုံပြောပြထားတာမို့ ဝူဂျင်းကတော့ ဂျုံအင်ဆော်တာခံရမှာကိုကြောက်နေပုံပင်။ဆူဘင်းကတော့ ဒီလူနှစ်ယောက်ကိုနီးစပ်အောင်လုပ်မယ်ဆိုရင်မဖြစ်ဖြစ်အောင်လုပ်မှာပင်။ပြဿနာတွေကိုနောက်မှရင်ဆိုင်လိုက်မည်။

"ကလေးတို့ စောင့်နေရတာကြာသွားပြီ .. အန်တီမင်းတို့ကိုစားစေချင်တာနဲ့ဘဲ မုန့်မှာနေလို့ "

"ရပါတယ် အန်တီကလည်း "

ဝူဂျင်းကအာနာသလိုလိုနဲ့ မုန့်စားချင်နေတဲ့ရုပ်ကြီးကြောင့် ဆူဘင်းမသိမသာလှမ်းရိုက်လိုက်ရသည်။

"ကလေးတို့က တစ်ခါတလေမှလာကြတာကို အန်တီကဧည့်ဝတ်ကြေရမှာပေါ့ "

"ဂျုံအင်ကို Guide ပြပေးမယ့်လူရှာတွေ့လို့အန်တီ "

"ဟုတ်လား ကောင်းတာပေါ့ကွယ် .. မဟုတ်ရင် ဂင်ဂျုံအင်တော့ဒီနှစ်ကျပြီလို့တွေးထားတာ  "

In Your Arms Where I Wanna BeWhere stories live. Discover now