Nine

905 126 7
                                    


[Unicode]

"ဟမ် ဘာပြောလိုက်တာလဲ "

"ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး "

ဂျုံအင် အမြန်ငြင်းလိုက်ပြီး မျက်နှာလွှဲလိုက်တော့သည်။ပါးစပ်ကလွှတ်ကနည်းထွက်သွားသည်မှာ ထိန်းလို့ပင်မမိလိုက်။

"ရောက်ပြီ "

အိမ်ကြီးတစ်ခုရှေ့ရောက်တော့ စီနီယာကရပ်ကာ ပြောလေသည်။

"အော် စီနီယာက ဒီမှာနေတာဘဲ "

"အင်း .. ဝင်တော့မယ် "

စီနီယာက နှုတ်ဆက်ပြီး အိမ်ထဲကိုဝင်ဖို့လှည့်ထွက်သွားသည်။

"ဟို .. စီနီယာ  .. ခဏ "

တံခါးဖွင့်ပြီးဝင်တော့မယ့် စီနီယာကိုလှမ်းတားလိုက်တော့ ခေါင်းလှည့်ကြည့်သည်။

"ပိတ်ရက်တွေ ဒီမှာဘဲရှိမှာလား "

"အင်း .. မပြောတတ်ဘူး "

"အော် ဟုတ် .. ကောင်းကောင်းနားပါ "

ကျောပေးပြီးတံခါးဖွင့်နေတဲ့ စီနီယာဟာ နောက်ကျောပြင်လေးတောင် ကြည့်ကောင်းမှုအပြည့်။ဖုန်းကိုမြန်မြန်ထုတ်ကာ ဓါတ်ပုံရိုက်ထားလိုက်မိသည်။ဘယ်တော့မှထပ်တွေ့ဖြစ်မယ်မှန်း မသေချာတာမို့ ပုံလေးကြည့်ပြီးအလွမ်းဖြေရအောင်လို့။

"နှုတ်ဆက်ပါတယ် "

ဂျုံအင် အိမ်ကို​ဖြည်းဖြည်းချင်းဘဲလမ်းလျှောက်ပြီးပြန်လာခဲ့လိုက်သည်။ခေါင်းထဲမှာလည်းစီနီယာ့ကိုတွေ့ရဖို့အတွက် အကြံပေါင်းစုံထုတ်လို့နေလေသည်။

"ပြန်ရောက်ပါပြီ "

အိမ်ထဲနှုတ်ဆက်ပြီးဝင်သွားပေမယ့် ဘယ်သူမှမရှိ။အိုမားရော အာပါးရော ပြန်မလာကြသေးပုံပင်။

အခန်းထဲဝင်လိုက်တော့ ကွန်ပျူတာက ပြန်ဆင်ထားပြီးသားဖြစ်နေလေသည်။ခုချိန်မှာ ဒါတွေလည်းမတွေးနိုင်သေး။စီနီယာနဲ့ နီးဖို့သာ စဥ်းစားနေမိသည်။အော် ငါတော်တော်ဖြစ်နေတာဘဲ။ဂျုံအင် ကိုယ့်ကိုယ်ကိုယ် ရယ်လိုက်မိပြီး ကုတင်ပေါ်လှဲချလိုက်မိသည်။

•Ph ring•

ဂျုံအင် အိပ်ပျော်သွားတာမို့ ဖုန်းသံကြားတော့ နိုးလာရသည်။စိတ်တိုတိုနှင့် ဆဲမလို့ပြင်လိုက်စဥ်မှာဘဲ ခေါ်တဲ့သူက အိုမားဖြစ်နေသည်။

In Your Arms Where I Wanna BeTempat cerita menjadi hidup. Temukan sekarang