Unicode
" ထတော့ သမီး Lisa ဒီနေ့ ကျောင်းအသစ်မှာ ပထမဆုံးတက်ရမယ့်နေ့လေ အဲ့တော့ စောစောထရမယ် ပထမဆုံးကျောင်းစတက်မယ့်နေ့မှာ နောက်ကျနေတော့မယ် ဘယ့်နှယ် ဒီကလေးတော့ "
Omma ဖြစ်တဲ့ ကျမ ရဲ့ တစ်ဦးတည်းသောချစ်မေမေက ကျမ တင်ပါးကို ပုတ်ပြီး အော် နိုးနေသောကြောင့် ကျမ မထချင်လည်း ထရတော့မည်
" ဟာ အမေတို့ကလည်း အစောကြီးရှိသေးတဲ့ဟာကို မထချင်ပါဘူး ကိုယ့်ကားနဲ့ ကိုယ်သွားမှာပဲကို "
" ကိုယ့် ကား နဲ့ ကိုယ်သွားတာ ဟုတ်တယ် သမီး ခု တက်မယ့် ကျောင်းက နည်းနည်းလေးတောင် နောက်ကျလို့မဖြစ်ဘူး ဒီတစ်နိုင်ငံလုံးမှာ နာမည်အကြီးဆုံးကျောင်း စည်းကမ်းလည်းအရမ်းကြီးတယ် သမီး တက်လာတဲ့ ထိုင်းကကျောင်းလိုမဟုတ်ဘူး တော်ရုံတန်ရုံဆို အဲ့ကျောင်းကိုတက်ချင်တာတောင် တက်လို့မရကြဘူး ဒီနိုင်ငံက သမ္မတရဲ့ မြေး တောင် အဲ့ကျောင်းမှာတက်နေတယ်ကြားတယ် "
" ဟာ မေမေတို့ကတော့ လုပ်ပြီ ပကာသနတွေနဲ့ စိတ်ရှုပ်စရာတွေ အာ့ကြောင့် ကျောင်းသွားအပ်တည်းက အဲ့ကျောင်းမှာ မတက်ချင်ပါဘူးဆိုတာကို "
ကျမက နှုတ်ခမ်းကြီး ဆူပြီးပြောနေသော်လည်း မေမေကတော့ အခန်းပြင်ကို ထွက်ပြီး
" ကဲ အာ့ဆို ရေချိုး အဝတ်အစားလဲပြီး အောက်ဆင်းခဲ့တော့နော် appa နဲ့ omma breakfast ဝိုင်းကနေေစောင့်နေမယ်နော် "
" Nae "
ကျမလည်း အိပ်ချင်မူးတူးနဲ့ ရေချိုးခန်းထဲသို့ွဲားပြီးရေချိုးပြီးတာနဲ့ ကျောင်းဝတ်စုံ အကျီအဖြူရောင် နက်ကတိုင် အမည်း နဲ့ စကပ်တို အပြာရောင်ရယ် boy ဆန်ဆန် အနွေးထည်လေးရယ်ကို ဝတ်ပြီး omma နဲ့ appa တို့ bf ဝိုင်းကို အမြန်ဆင်းလာခဲ့လိုက်လေသည်။
Appa က ကျမ ကို မြင်တာနဲ့
" ကဲ သမီး ဒီမှာထိုင် "" nae appa "
" ကျောင်းမှာ လိမ်လိမ်မာမာနေ စာကြိုးစားနော် သမီးထိုင်းမှာ တက်ခဲ့တဲ့ ကျောင်းထက် ဒီကျောင်းက ပိုကောင်းလို့ သမီးနဲ့ ပိုအဆင်ပြေမယ် ထင်လို့ appa က ဒီကျောင်းကိုပြောင်းခိုင်းလိုက်တာ ဘာလဲ သမီး က ထိုင်းမှာပဲ ဆက်နေချင်တာလား "
YOU ARE READING
L5 Lover ( Completed )
FanfictionJENLISA fic GL ကျောင်းသားအချစ်ဇာတ်လမ်းလေးပါ Jen ကိုပိုက်ဆံအရမ်းချမ်းသာပြီး မောက်မာတဲ့ အချေနေရာလေးကနေ ရေးထားပါတယ် JenLisa fic က အခုမှပထမဆုံး ရေးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော် ဖတ်ပေးတဲ့သူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအပ်တာရှိရင...