Unicode Version
ဒီနေ့တော့ အဝ Date ကြမယ်ဆိုပြီး Jenlisa တို့ ၂ ယောက် နေရာစုံ ကို လျှောက်လည်ပြီးတာ နဲ့
ကော်ဖီဆိုင်တစ်ဆိုင် ထဲ သို့ လက်တွဲပြီး
၂ ယောက်အတူတူ ဝင်လာခဲ့လေသည်စားပွဲဝိုင်းမှာ ထိုင်ပြီး သိပ်မကြာခင်မှာတော့
ကော်ဖီခွက် ၂ ခွက် က JenLisa တို့ မျက်စိရှေ့သို့ ရောက်လာခဲ့လေသည်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကော်ဖီငုံ့ သောက်နေရာကနေ Jennie က မျက်နှာကြီး ရှုံ့မဲ့သွားပြီး ညာဘက်ရင်အုံ ကို လည်း လက်ဖဝါး နဲ့ ဖိထားလိုက်တာ ကို lisa မြင်လိုက်ရလေသည်
" Honey ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "
" ကောင်းပါတယ် ကော်ဖီသောက်လိုက်လို့လား ဘာလို့လားတော့ မသိဘူး
ခေါင်းတွေမူးလာပြီး ရင်ဘတ်ထဲ က စူးခနဲ အောင့်တက်လာလို့ "" အော် ဂရုစိုက်အုံးနော် Honey အဆင်ပြေရဲ့လား
ဒါဆို Baby တို့ စောစောပြန်ကြမယ်လေ "" ရပါတယ် Baby ရဲ့ လက်စွပ်လေးတော့ သွားရွေးချင်သေးတယ် ပြီးမှ ပြန်ကြမယ်လေနော် 🥰 "
အဲ့အချိန်မှာပဲ Lisa ကို တစ်နေရာကနေ စူးစိုက်ကြည့်နေတဲ့ ဆိုင်ပိုင်ရှင်ယောက်ကျားကြီး ရဲ့ အကြည့် ကို Jennie က သတိထားမိလိုက်သောကြောင့်
ခုနက ရှုံ့မဲ့ နေတဲ့ မျက်နှာ က ချက်ချင်းပင် ဒေါသ အရိပ်အယောင် အရောင် ပြောင်းလဲသွားပြီး တောက် တစ်ချက် ကို လည်း အဝေး က ဆိုင်ပိုင်ရှင် ကြားနိုင်လောက်တဲ့အထိ ခပ်ပြင်းပြင်း
အသံကျယ်ကျယ် ခေါက်လိုက်လေေတာ့သည်" တောက် စောက်ရေးထဲ "
Lisa ကတော့ jennie တစ်ယောက် က လွဲရင် ကျန်တဲ့ ဘေးပတ်ဝန်းကျင် ကို အာရုံ သိပ်မထားတတ်သောကြောင့် သူ့ ကို ကြည့်နေတာလည်း သူသိပုံမပေါ် ဒါ့ကြောင့် ဒေါသထွက်လုနီးပါး နီရဲ တက်လာတဲ့ jennie ရဲ့ မျက်နှာ ကို ကြည့်လိုက်ပြီး
" Honey ဘာဖြစ်တာလဲ
Baby ကို စိတ်ဆိုးသွားတာလား
Baby ဘာမှ မလုပ်ဘူးလေ 😬 "Lisa ရဲ့ စကားအဆုံးမှာပဲ ဆိုင်ပိုင်ရှင် ယောက်ကျားကြီး က လည်း ကောင်တာ အနား ကနေ လမ်းလျှောက်လာတာ jenlisa တို့ စားပွဲဝိုင်း အနား တောင် ရောက်လာလေပြီ
Jennie ဒေါသထွက်နေတဲ့ မျက်နှာ ကို တော့ အဲ့ယောက်ကျား က သိပုံတော့ ပေါ်ပါတယ်
ဒါပေမယ့် အဲ့ယောက်ကျား က jennie ရဲ့ အကြည့်တွေ ကို ဂရုမစိုက် အဲ့ စားပွဲဝိုင်းနား တစ်ဝိုက်နားမှာ ပဲ ရစ်သီရစ်သီ နဲ့ ဖြတ်သွားဖြတ်လာ လုပ်ကာ lisa ကို လည်း တစ်ချက် တစ်ချက် ကြည့် ကြည့်သွားလေရဲ့

YOU ARE READING
L5 Lover ( Completed )
FanfictionJENLISA fic GL ကျောင်းသားအချစ်ဇာတ်လမ်းလေးပါ Jen ကိုပိုက်ဆံအရမ်းချမ်းသာပြီး မောက်မာတဲ့ အချေနေရာလေးကနေ ရေးထားပါတယ် JenLisa fic က အခုမှပထမဆုံး ရေးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော် ဖတ်ပေးတဲ့သူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအပ်တာရှိရင...