Part 9

7.5K 544 23
                                        

Unicode Version

ကျောင်းသူများက တအံ့တသြနဲ့ ချယ်ယောင်း နဲ့ လီဆာ လက်ဆွဲနှုတ်ဆက်နေတာကို ကြည့်နေကြလေရင်း

" wowww L5 အဖွဲ့ဝင် ပတ်ချယ်ယောင်း က အဲ့ကျောင်းသူသစ်လေး ကို ဆွဲထူလိုက်တာလား "

" အေး ငါလည်း အံ့သြနေတာ အမယ်လေး သူများတွေများ ကျောင်းကို ရောက်တာဖြင့် မကြာသေးဘူး ကံကောင်းလိုက်တာ "

" ဟင့် အင့် ငါ့ ပတ်ချယ်ယောင်းလေး ငါ့မှာဖြင့် သဘောကျလိုက်ရတာ ပါသွားပြီထင်ပါတယ်"

" အမယ်လေး ငမ်းနေသေးတယ် "

" ဟဲ့ ခုနက ဝင်တိုက်သွားတာ jennie ရဲ့ ကားမလား "

" အေ ဟုတ်တယ် ထင်တယ် "

" L5 အဖွဲ့ခေါင်းဆောင် jennie kim က ဝင်တိုက်သွားတယ် L5 အဖွဲ့ဝင် ပတ်ချယ်ယောင်း က လာဆွဲထူတယ် ဘာတွေလဲဟ ငါတော့ ခေါင်းရှုပ်နေပြီ မစဥ်းစားတတ်တော့ဘူး😑 "

" အေ ဟုတ်တယ် ဒါနဲ့ ငါပြောသားပဲ ပတ်ချယ်ယောင်း က ကြင်နာတတ်တယ် ကျန်တဲ့ L5 အဖွဲ့ဝင်တွေနဲ့ မတူပါဘူးလို့ "

" အေ ဟုတ်တယ်နော် jennie က ရက်စက်တတ်သလောက် ချယ်ယောင်း ကတော့ အနေအေးပြီး သနားတတ်တဲ့ပုံပဲ ပိုက်ဆံချမ်းသာတာခြင်း တူတာတောင် တစ်ယောက် နဲ့ တစ်ယောက် တခြားစီပဲ "

" အေး ဟုတ်တယ်"

ချယ်ယောင်း တစ်ယောက် လီဆာ ရဲ့ စုတ်ပြဲသွားတဲ့ ဒူးခေါင်း ကို ငုံ့ကြည့်လိုက်ပြီး

" အဆင်ပြေရဲ့လား "

လီဆာလည်း သူ့ရဲ့ ဒဏ်ရာကို ကြည့်ပြီး မေးနေသောကြောင့် ဒဏ်ရာကို ပြောနေတာ သိသွားပြီး

" ဟုတ်ကဲ့ ပြေပါတယ် ရပါတယ် ဒီလောက်ကတော့ အသာလေး သူ့အလိုလို ပျောက်သွားလိမ့်မယ်"

" သူ့အလိုလို ပျောက်ပါ့မလား "

လီဆာ က ချယ်ယောင်း ကို ကြောင်ကြည့်လိုက်ပြီး

" ရှင် "

"ဒါနဲ့ လိုက်ပို့ပေးမယ်လေ ဒဏ်ရာကြီးနဲ့ ဆိုတော့ စက်ဘီးစီးလို့ အဆင်ပြေပါ့မလား "

လီဆာ က ကျောင်းသူတွေ သူတို့ ၂ ယောက်ကို ဝိုင်းကြည့်နေတာ ကို သတိထားမိသောကြောင့်

L5  Lover ( Completed ) Dove le storie prendono vita. Scoprilo ora