Unicode Version
" နေ့လည်စာ စားဖို့ ထမင်းဟင်း လာပို့တာပါ မမလေး "
Jennie ရဲ့ နေ့လည်စာ စားချိန်ရောက်လာပြီမို့လို့ jennie kim အိမ်တော် ရဲ့ အိမ်စေ ကောင််မလေး တစ်ဦး က လာပို့တာဖြစ်သည် ခုနက ဖြစ်ထားတဲ့ ကိစ္စတွေကြောင့် jennie စိတ်မကြည်ေနပါ ဒေါသ အသံ တချို့နဲ့
" ဝင်လာလိုက် "
" nae မမလေး "
အိမ်စေ ကောင်မလေး လည်း jen ထိုင်နေတဲ့ jen ရဲ့အရှေ့က စားပွဲခုံပေါ် သို့ ထမင်းရော ဟင်းရော ပါတဲ့ ဗန်းကိုချပေးလိုက်လေသည် အဲ့အိမ်စေ ကောင်မလေးရဲ့ အနောက်မှာ နောက်ထပ် အိမ်စေ ကောင်မလေး တစ်ယောက် က ထပ်ဝင်လာပြီး
" မမလေး ထမင်းစားပြီးရင် သောက်ဖို့ ရေနွေးလာပို့ပေးတာပါ မမ လေး "
"အင်း"
"ဂွမ်း............" ( ရေနွေးအိုး လက်ထဲက ချော်ကျသံ )
" တောင်းပန်ပါတယ် မမလေး မမလေး စင်သွားလားမသိဘူး တကယ်တောင်းပန်ပါတယ်မမလေးရယ် သေသင့်တဲ့ အပြစ်ကို ကျူးလွန်မိပါတယ် "
ထမင်းဟင်းလာပို့ပေးတဲ့ အိမ်စေ ကောင််မလေး ကတော့ တောင်းပန်နေတဲ့ ကောင််မလေး ကို သွားပြီ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေလေသည်
" နင် အလုပ် ဘယ်လိုလုပ်တာလဲ "
အစတည်းက jisoo မလာလို့ စိတ်မကြည်မလင် ဖြစ်နေတဲ့ jennie ရဲ့ ဒေါသတွေက ပို၍ဆိုးလာတော့မည်
ကောင်မလေးက ခေါင်းကိုသာ ငုံ့ထားပြီး တောင်းပန်ပါတယ်ဆိုတဲ့ စကားသာ ဆက်တိုက်ပြောနေတော့သည် ။" အထိန်းတော်ကြီး အပြင်မှာရှိရင် ဒီကို ခဏဝင်ခဲ့အုံး မြန်မြန် " ( jennie kim ရဲ့ အော်ဟစ်သံ )
အထိန်းတော်အဒေါ်ကြီးလည်း jennie kim ရဲ့ ဒေါသ သံကြောင့် အခန်းထဲမှာ တစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်သဖြင့် jennie ရဲ့ အခန်းထဲသို့ အမြန်ဆုံး ပြေးသွားရတော့သည် အခန်းထဲလည်းရောက်ရော ခေါင်းလေးငုံ့ပြီး တောင်းပန်နေသည့် ကောင်မလေး ကို အထိန်းတော်ကြီး က မီးမွှေးပြန်ပြီ ဆိုတဲ့ အကြည့် နဲ့ ကြည့်နေလေသည် jennie kim က အထိန်းတော်ကြီးဘက် သို့ ကြည့်ကာ

YOU ARE READING
L5 Lover ( Completed )
FanfictionJENLISA fic GL ကျောင်းသားအချစ်ဇာတ်လမ်းလေးပါ Jen ကိုပိုက်ဆံအရမ်းချမ်းသာပြီး မောက်မာတဲ့ အချေနေရာလေးကနေ ရေးထားပါတယ် JenLisa fic က အခုမှပထမဆုံး ရေးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော် ဖတ်ပေးတဲ့သူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအပ်တာရှိရင...