Part 35

7.2K 429 103
                                        

Unicode Version

Lisa ကတော့ jennie အတွက် သူ အသည်းအစားထိုးပေးမယ်ဆိုတာ သိရင် သူ့အိမ် က ခွင့်မပြုမှာ စိုးသည့်အတွက် ထိုင်း ကို ခဏ ခရီးထွက်အုံးမယ်ဆို ပြီး လှည့်ပတ်ထွက်လာခဲ့တာ ခုဆို ဆေးရုံပေါ် ရောက်နေတာ တစ်ပတ်တိတိ ရှိနေလေပြီ ။

ဒါကြောင့် ဒီနေ့ နဲ့ ဆို ဆေးရုံပေါ်  က ကုတင်ပေါ် မှာ lisa မေ့မျောနေတာ ၁ပတ်တိတိ ရှိနေပြီပေါ့ သတိရမလာသေးတဲ့ lisa ရဲ့ ကုတင် ဘေးမှာတော့ Jennie က အမြဲတမ်းလိုလို ရှိနေခဲ့ပါတယ် jennie က လေ သူ သတိရလာလို့ နေပြန်ကောင်းလာတဲ့ နေ့ က စပြီး lisa အနားမှာ အမြဲတစေလိုလို နေပေးခဲ့တာ အပေါ့ပါးသွားတဲ့ အချိန် က လွဲရင်ပေါ့ ။

jennie ရဲ့ မိဘတွေ နဲ့ သူ့ သူငယ်ချင်း တွေ က တော့  ကုတင်ပေါ် မှာ မေ့မျောနေတဲ့ lisa ကို ကြည့်ပြီး နေ့တိုင်း လိုလို ဘာမှ မစားမသောက် ပဲ တရှုံ့ရှုံ့ ငိုကြွေးနေသော Jennie ကို လည်း ပြန််လည် စိတ်ပူနေရပြန်ပြီ ။

" သမီးလေး ဒီနေ့ တစ်နေ့လုံးလည်း
ဘာမှ မစားထားရသေးဘူး
ဒီ ပေါင်မုန့်လေး တော့ ဝင်အောင်
စားလိုက်ပါနော် သမီး "

Jennie ကတော့ သူ့ omma ထိုးပေးတဲ့ ပေါင်မုန့်ထုပ် ကို ကြည့်တော့ ကြည့်လိုက်ပါတယ် ဒါပေမယ့် ခဏတာ ။
အဲ့ ပေါင်မုန့်ထုပ် ကို လှမ်းလည်း မယူလိုက်သလို နောက်ဆုံး သူ့ အကြည့်တွေ ဆုံး တဲ့ နေရာ က လည်း ဘယ် အရာ ကို မှ တုန့်ပြန့်ခြင်း မရှိတဲ့ lisa ရဲ့  မျက်နှာငယ်လေး ။
ဒီ မျက်နှာပိုင်ရှင်လေး က သူ့ အသက် ကို ကယ်တင်ပေးခဲ့တဲ့ jennie ရဲ့ အသက်သခင် ကျေးဇူးရှင်လေး မဟုတ်လား ။

တစ်ဖန် Lisa ရဲ့ လက်ချောင်းရှည်ရှည်လေး တွေ ကို သူ့ လက်ဖဝါး သေးသေးတွေ နဲ့ ဖွဖွလေး အနူးညံ့ဆုံး ဆုပ်ကိုင်ပေးလိုက်တော့ အဲကွန်း ရဲ့ အအေးဓာတ် ကြောင့် အေးစက်နေတဲ့ လက်ကလေး တွေ ဟာ အနွေးဓာတ်ကြောင့် နွေးထွေးသွားလေတယ် ။

အခုချိန်ထိ မနွေးထွေးနိုင်ပဲ အပူ မီးတောက်ပမာ ပူလောင်နေတာ က jennie ရဲ့ ရင်အစုံ ။ ရင်ဘတ်စည်တီး သလို သူ့ ရင်ဘတ် ကို လက်သီးဆုပ် နဲ့ ထုပြီး အားရပါးရ ငိုကြွေးမြည်တမ်းမိပြန်တော့ အခန်းထဲ က လူတွေရဲ့ နှုတ် က ထွက်လာတဲ့ တစ်ယောက်တစ်ပေါက် တားမြစ် စကားသံများ ။

L5  Lover ( Completed ) Where stories live. Discover now