Unicode
ပန်းခြံထဲက ထိုင်ခုံလေးပေါ်တွင် စာအုပ်လေးကိုင်ပြီး စာဖတ်နေသော ဆံသားနက်နက် မျက်ဆံညိုညို နှင့် ကောင်မလေးတစ်ယောက်ကို ချောင်းကြည့်နေသော မိန်းကလေးအုပ်စုတစ်စု။
" ရားးးး kim jisoo က လှလိုက်တာ "
" ဟုတ်ပ ဘယ်ချိန်ကြည့်ကြည့်ကို လှတာ စာဖတ်နေတဲ့ အချိန်တောင် လှတယ် "
" ဟုတ်ပ jennie ချစ်တာလည်းမပြောနဲ့ "
တစ်ယောက်တစ်ပေါက် တီးတိုးပြောနေတဲ့ ကောင််မလေးအုပ်စုရဲ့နောက်မှ ချွဲတဲ့တဲ့ အသံလေးက
" unnie "
" ဟဲ့ jennie လာပြီ ဆက်ငမ်းမနေနဲ့တော့ လာ သွားမယ် "
Jennie တစ်ယောက် ထိုမိန်းကလေးအုပ်စုရှေ့ကို ကျော်တက်သွားပြီး jisoo အနားသို့အမြန်ရောက်သွားလေသည် jisoo ရဲ့ လက်ထဲက ဖတ်လက်စ စာအုပ်ကို ယူလိုက်ကာ
" unnie ဘာလုပ်နေတာလဲ "
" စာအုပ်ဖတ်နေတာလဲ jen လေးရဲ့ "
Jen တစ်ယောက် လေသံကို ခုနက ထက် ထပ်ပျော့ပြီး ထပ်ချွဲလိုက်ကာ
" jen က unnie ကိုလွမ်းနေတာ နောက်ခါ ကျောင်းပိတ်ရက်လည်း unnie အိမ်ကို ငယ်ငယ်တုန်းကလို လာခဲ့အုံးမယ် ရတယ်မလားဟင် unnie "
Jisoo တစ်ယောက် ရီလိုက်ကာ
" ရပါတယ် jen ရဲ့ jen က unnie ရဲ့ ညီမလေးပဲကို "Jisoo ရဲ့ စကားကြောင့် jennie မျက်နှာအနည်းငယ်ပျက်သွားလေသည် Jisoo ဘက်ကနေ အမြဲလိုလို jen က unnie ရဲ့ ညီမလေးပဲ လို့ပြောတိုင်း jennie ဘဝင်မကျခဲ့။
Jennie ရဲ့ မျက်နှာက ခုနက ထက် jisoo ရဲ့ မျက်နှာအနားသို့ တဖြည်းဖြည်းကပ်လာပြီး
" unnie နောက်နေ့တွေကျရင် ဒီလောက်လှအောင် မပြင်လာနဲ့ ခုနက unnie ကို သူများတွေ ဝိုင်းကြည့်နေကြတာ jen မကြိုက်ဘူး "
Jisoo တစ်ယောက် ခုနကအသံထက် ပိုကျယ်လောင်စွာ ထရီလိုက်ကာ
" ဟားဟား ဟုတ်ပါပြီ jen ပေါက်ရယ် အမယ်လေး ငါ့နှယ် ဒီကလေးနဲ့တော့ "
Jen တစ်ယောက် jisoo ရဲ့ တဟားဟား ရယ်နေတဲ့ ပုံစံကို ကြည့်ပြီး နှုတ်ခမ်းကြီး စူလာကာ
VOUS LISEZ
L5 Lover ( Completed )
FanfictionJENLISA fic GL ကျောင်းသားအချစ်ဇာတ်လမ်းလေးပါ Jen ကိုပိုက်ဆံအရမ်းချမ်းသာပြီး မောက်မာတဲ့ အချေနေရာလေးကနေ ရေးထားပါတယ် JenLisa fic က အခုမှပထမဆုံး ရေးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော် ဖတ်ပေးတဲ့သူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအပ်တာရှိရင...