Part 37 ( 🔞 )

13.6K 452 84
                                    

Unicode Version

Jennie appa လက်ဖွဲ့လိုက်တဲ့ ခြံဝန်းအကျယ်ကြီး ထဲ က ၂ ထပ်တိုက်အိမ် အပုလေးက jenlisa တို့ ၂ယောက်တည်း နေဖို့ အတွက်ဆို အတော်ပါပဲ ခြံထဲ မှာ ပန်းပေါင်းစုံ တွေ က လည်း ပန်းအိုးလေး ထဲ မှာ စီစီရီရီ နဲ့ ။
အပေါ် ထပ် က ဝရံတာလေး ဟာ လည်း ခပ်သဲ့သဲ့ လေပြေ လေညင်းလေးတွေ ကို ခံစား ရယူနိုင်တဲ့ နေရာမျိုး ။
အဲ့ အပေါ် ထပ် ဝရံတာ က နေ အောက် ကို ငုံ့ကြည့်လိုက်ရင် လည်း ကြည်ပြာရောင် ရေကူးကန်လေး ကို မြင်တွေ့နိုင်လေရဲ့ ။

အဲ့လို ချစ်စရာကောင်းတဲ့ အိမ်လေးထဲ ကို ကားပေါ် က ဆင်းလာတဲ့ jenlisa တို့ ၂ ယောက် လက်ချင်းယှက် ကာ ဝင်လာပါလေပြီ ။
၂ယောက် သား ဦးဆုံးရှာမိတာ က တော့ ၂ ယောက် အိပ် အခန်းလေး ။

၂ ယောက်အိပ်အခန်းထဲ လည်း ရောက်ရော ၂ ယောက်လုံး က ရင်တွေခုန်နေတယ် ထင်ပါတယ် အခန်းကြီး က တိတ်ဆိတ်နေတော့ နှလုံးခုန်သံတွေ ဟာ လည်း အတိုင်းသား ကို ကြားနေရချည်ရဲ့ ဘာလို့လဲ ဆိုတော့ ဒီနေ့ ဟာ Jenlisa တို့ ၂ ယောက်လုံး အတွက် မင်္ဂလာဦး ညကလေး လေ ။

အတူတူ နေဖူးပြီးကြတာပဲ အသစ်အဆန်း မှ မဟုတ်တာ လို့ တချို့ က တွေးရင် တွေးနေလိမ့်မယ် ဒါပေမယ့် မတူဘူး ဒီနေ့ မှာတော့ ရင်ခုန်နှုန်းတွေ ဟာ တော်တော်လေး ကို ကွဲပြားခြားနားနေတယ် ။

အရင် က အချစ်ရင်ခုန်သံ တွေ က တစ်ဆင့် လျှံကျလာသော သွေးသားဆန္ဒ ကြောင့် တစ်ယောက် နဲ့ တစ်ယောက် အပြင်းအထန် လိုအပ်နေချိန် မှာ ဘာမှ အထွေအထူး တွေးမနေ ပဲ စိတ်အလို အရ အတူတူနေဖြစ်ခဲ့ကြပေမယ့် အခုကျ ဒီ ကိစ္စ ဖြစ်တော့မှာ ကို ကြိုသိပြီး jenlisa တို့ အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိတယ် ။

Lisa က သူ့ ကိုယ် က သတို့သမီး ဝတ်စုံ အဖြူ ကို ချွတ်လိုက်ကာ သပတ် အဖြူ ကလေး တစ််ထည် နဲ့ သူ့ ကိုယ်လေး ကို တင်းတင်းကျပ်ကျပ် ပတ်ထားလိုက်တယ် နောက်တော့ သူ့လိုပဲ အဝတ်စားလဲ ဖို့ ပြင်နေတဲ့ jennie ကို ကြည့်ကာ

" Honey ည မိုးချုပ်နေပြီနော် "

စိတ်တွေ လှုပ်ရှားလွန်း လို့ ကတုန်ကယင် နဲ့ လျှာလိပ်ဖျား က လိပ်တတ်မတတ် ထွက်လာတဲ့ Lisa ရဲ့ စကားလုံး ကြောင့် jennie က နှုတ်ခမ်းကွေးရုံ မျှ ရီလိုက်မိပြီး မျက်ခုံး တွေ ကို တွန့် ချိုးလိုက် လေတယ် ။

L5  Lover ( Completed ) Donde viven las historias. Descúbrelo ahora