Part 36

6.8K 423 106
                                    

Unicode Version

Lisa လည်း နေပြန်ကောင်း သက်သာလာတာ ကြာပြီမို့လို့ ဆေးရုံ ပေါ် က နေ ဆင်းလာတာ ခုဆို ၃ ၄ ရက်တောင် ရှိပြီ ဖြစ်တယ် ဒီနေ့ဟာ jennie နဲ့ အတူတူ ခန်းဝင် ပစ္စည်း တွေ သွားဝယ်ရမယ့် နေ့မလား ဒါကြောင့် နာရီ တကြည့်ကြည့် နဲ့ သူ့အိမ်သို့ Jennie လာခေါ်မယ့် အချိန် ကို သာ မျှော်လင့်တစား စောင့်စားနေလေတော့တယ် ။

" တီ   တီ "

အိမ်ရှေ့ က ကားဟွန်းသံ ကို lisa ကြားလိုက်ရပြီ မို့လို့ ချက်ချင်းပဲ စလင်းဘတ်အိတ် ကို ကောက်လွယ်လိုက်ကာ အိမ်ရှေ့ သို့ မြန်မြန်သုတ်သုတ် ထွက်ခွာလာခဲ့လေတယ် ကားပေါ်  ကို ရောက်လာတဲ့ Lisa ကို ကြည့်ပြီး jennie က ချိုသဲ့သဲ့ ပြုံးပြပေမယ့် lisa ကတော့ jennie ကို ခပ်တေ့တေ့ ပြန်ကြည့်ပြီး

" ဖြည်းဖြည်းမောင်းလာပါဆို
  ခုကျ ရောက်တာ မြန်လိုက်တာ
  Honey က ကားမောင်း အရမ်းမြန်တာပဲ "

" Baby ကို အရမ်းလွမ်းနေလို့ပါ Baby ရဲ့
  Baby ရဲ့ မျက်နှာလေး ကို တွေ့ချင်နေပြီလေ 🥺 "

" Baby လည်း လွမ်းပါတယ်
ဟိုတစ်ခါလို Honey ကား Accident ဖြစ်မှာ ကို
စိတ်ပူလို့ ပြောတာပါ 😞 "

" မဖြစ်ပါဘူး Baby ရယ် 😅
အဲ့တုန်းက Baby ကို ဟို သူတောင်းစား က
လာတောင်းတဲ့ မြင်ကွင်း ကို မြင်လိုက်ရလို့
Sensitive အဖြစ်လွန်ပြီး
ခဏ သတိ လက်လွတ်သွားလို့ပါ "

" အင်းပါ ပြီးရော "

" Baby သိလား Honey ကလေ
  Baby နဲ့ ပက်သက်လာရင်
အရမ်း ကို sensitive ဖြစ်လွန်းတယ်ဆိုတာကို 🥺 "

" သိပါတယ် Honey အရမ်း သဝန်တိုတတ်တာ
Baby  သိပြီးသား 😘 "

" သိရင် ပြီးတာပဲ 😒 "

Shopping mall ကုန်တိုက်ထဲ ကို JenLisa တို့ ရောက်လာတာ နဲ့ ဝန်ထမ်း တွေ က တော့ သူတို့ boss ရဲ့ သမီးဖြစ်သူ Jennie kim ကို အရိုအသေပေးတဲ့ အနေ နဲ့ အသီးသီး ဦးညွတ်ကြလေရဲ့ ။

Jennie ကတော့ Lisa ရဲ့ လက် ကို ဆွဲကာ မန်နေဂျာမ ရှိတဲ့ နေရာ သို့ ခပ်မြန်မြန် ခပ်သွက်သွက် လျှောက်လိုက်လေပြီး

" ငါ ရွေးစရာလေးတွေ ရှိလို့
  ဒီနေ့ ကုန်တိုက်ပိတ်တယ်လို့ ပြောပြီး
  စျေးဝယ်သူ အကုန်လုံး ကို ပထုတ်‌လိုက်ပါ "

L5  Lover ( Completed ) Where stories live. Discover now