Unicode Version
L5 အုပ်စု ကန်တင်းသို့ရောက်သော်
" ဟဲ့ jen အဲ့ lisa ဆိုတဲ့ တစ်ယောက် နဲ့ ငါဝင်တိုက််မိဖူးတယ် ငါ အဲ့နေ့က နင်တို့နဲ့ ကန်တင်းမှာ ချိန်းထားတာ နောက်ကျနေလို့ ငါလည်း အသည်းအသန်ပြေးလာရင်းနဲ့ သူ့ကို ဝင်တိုက်မိတာ အဲ့တုန်းက သူ့လက်ထဲ က စာအုပ်တွေတောင် ပြုတ်ကျသွားသေးတယ် ငါက ဒီနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင် ဒီကျောင်းက L5 အဖွဲ့ဝင်ထဲ က တစ်ယောက်မလား အဲ့တော့ ငါလည်း စောရီးတစ်ခွန်းတည်းပဲ ပြောပြီး ထွက်လာခဲ့လိုက်တယ် အဲ့တုန်းက အဲ့မှာ သူက ငါ့ကို မကျေနပ်တဲ့ပုံပဲ ငါကတော့ ဂရုမစိုက်ပါဘူး ခပ်တည်တည်ပဲ ထွက်လာလိုက်တယ် "
Jennie က ခနဲ့ပြုံး ပြုံးလိုက်ပြီး irene ကိုကြည့်ကာ
"နင်မို့လို့ စောရီးလို့ ပြောခဲ့သေးတယ် နင့်အနေအထားကြီးနဲ့ "
Jisoo က jennie ကို ကြည့်ပြီး
" အာ့တွေ unnie jen ကိုမကြိုက်တာ ကိုယ်ဝင်တိုက်မိလို့ သူများနစ်နာသွားတာပဲ ပြန်တောင်းပန်သင့်တာပေါ့ jen ရဲ့ အဲ့တစ်ယောက် jen ကို ဝင်တိုက်တုန်းကတောင် jen စိတ်တိုသေးတယ်မလား "
Jennie တစ်ယောက် သူ့ unnie ပြောတော့ ဘာမှ ပြန်မပြော မျက်နှာငယ်လေးနဲ့ မျက်စိရှေ့က အအေးခွက်လေးကို ကလေးလေးတစ်ယောက်လို ပိုက်နဲ့ စုပ်သောက်ေနလေသည် အဲ့လို jennie ဖြစ်နေတဲ့ အမူအရာ ကို ကြည့်ပြီး chae young က လှောင်ရီ ရီမိတော့သည်
"ဟားးးး ဟားးးးး"
" yarr chae young နင် ဘယ်လိုဖြစ်နေတာလဲ "
Chae young က ဘာမှပြန်မပြော jennie ဖြစ်နေတဲ့ ကလေးလိုလို ပုံစံကိုသာ ဆက်ကြည့်ပြီး ရီနေမိတော့သည် chae young ရီသံ တိတ်သွားတော့ Irene ကဆက်ပြီး
" အဲ့တစ်ယောက်ကလည်း တကယ့်ကြောင်တောင်တောင်နော် လည်ပင်းမှာလည်း လည်ဇလုတ်နဲ့ မိန်းကလေးသာ ဖြစ်တာ "
Yoona ပါ irene ရဲ့ စကားကို ခေါင်းညိမ့်ကာ
" အေးလေ ငါတို့ L5 ခေါင်းဆောင် ကို ဒီလိုပြောရဲတာ နည်းတဲ့ သတ္တိတော့ မဟုတ်ဘူး ငါ တောင် မျက်လုံးပြူးသွားတယ် "
Jisoo က jennie ကိုကြည့်ပြီး ပြုံးလိုက်ကာ
" ရီရပေမယ့် ချစ်တော့ချစ်စရာလေးပါ ရူပါကတော့အလန်းပဲ ဒီကျောင်းမှာ လာတက်တာဆိုတော့ နည်းနည်းပါးပါးတော့ ပိုက်ဆံရှိမှာပါ သူက သိုသို သိပ်သိပ် နေတတ်လို့ ဖြစ်ပါလိမ့်မယ် ဘယ်လိုလဲ jennie စိတ်ဝင်စားလား "
YOU ARE READING
L5 Lover ( Completed )
FanfictionJENLISA fic GL ကျောင်းသားအချစ်ဇာတ်လမ်းလေးပါ Jen ကိုပိုက်ဆံအရမ်းချမ်းသာပြီး မောက်မာတဲ့ အချေနေရာလေးကနေ ရေးထားပါတယ် JenLisa fic က အခုမှပထမဆုံး ရေးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော် ဖတ်ပေးတဲ့သူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအပ်တာရှိရင...