Unicode Version
လီဆာတစ်ေယာက် ကျောင်းဆောင်ရဲ့ ဒုတိယထပ်က ဝရံတာလို လက်တန်းလေးကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး အဆောင်အပြင်ဘက်သို့ ငေးနေစဥ်
" ဒီနေ့ စာသင်ရတာ အဆင်ပြေရဲ့လား လီဆာ "
Somi ရဲ့ အသံကြောင့် လီဆာ အနောက်ဘက်သို့ လှည့်လိုက်ကာ somi ကို ပြုံးပြပြီး
" အင်း ပြေပါတယ် သူငယ်ချင်း ဆရာမတွေက အရမ်းစည်းကမ်းကြီးတဲ့ပုံပဲနော် "
Somi တစ်ယောက် lisa စကားအဆုံးမှာ ခနဲ့သောအပြုံးဖြင့်
" သူတို့ မကြီးရဲတဲ့ သူကျတော့ ဘာလုပ်လုပ် အနိုင်ကျင့်လည်း မဟုတ်တာလုပ်လည်း မပြောရဲဘူးလေ "
Somi စကားကြောင့် lisa ကြောင်သွားကာ
" ဘယ်လို "
Lisa ရဲ့စကားတောင်မဆုံးသေးဘူး အနားတစ်ဝိုက်က ကျောင်းခန်းထဲက လူများရဲ့ ဆူညံအော်ဟစ်သံများ..........
" ဟေးးးးးးး L5 လာပြီဟဲ့ "
" woww ချောလိုက်တာ အမယ်လေး တစ်ဖွဲ့လုံးကို လိုချင်လိုက်တာနော် "
" အမယ်လေး ငါရူးတော့မှာပဲ jennie ကချောလိုက်တာ "
" Yarr ငါကတော့ အေးဆေးနေတတ်ပြီး စာတော်တဲ့ chae young လေးပဲ "
" ငါကတော့ jisoo မှ jisoo ပဲ "
ကျောင်းသူတွေရဲ့ တစ်ယောက်တစ်ပေါက် အော်ဟစ်သံတွေကြောင့် lisa လည်း အခန်းတံခါးဝကနေ ခပ်တည်တည်ဖြင့် ဖြည်းဖြည်းချင်း အထာကျကျ တစ်လှမ်းချင်း လမ်းလျှောက်ဝင်လာသည့် ကောင်မလေး ၅ ယောက်ကို လှမ်းကြည့်မိလိုက်လေသည် အဲ့ ၅ယောက်ထဲမှာ lisa ကိုဝင်တိုက်သွားတဲ့ irene ကို လည်း ပြန်မြင်ရနေသောကြောင့် lisa ပိုပြီး သူတို့ ၅ယောက်ကို အာရုံစိုက်ကြည့်နေမိသည် မျက်မှန်အမည်းနဲ့ တစ်ယောက်ကတော့ အရှေ့ဆုံးက လျှောက်ပြီး ကျန်တဲ့ ၄ယောက်ကတော့ မျက်မှန်အမည်းနဲ့တစ်ယာက်ရဲ့အေနာက်ကနေ လိုက်လာကြသည် ကျောင်းသူတွေရဲ့ အကြည့်အားလုံးက အဲ့ ၅ ယောက်လုံးဆီက လုံးဝ မခွာ ခုချိန်ထိ တစ်ယောက်တစ်ပေါက်အော်ဟစ်သံတွေကလည်း lisa နားထဲကြားနေရဆဲ
Lisa pov
" ဘာလို့ ဒီလောက်တောင် ဖြစ်နေကြတာလဲ ချောတာတော့ ၅ ယောက်လုံး တော်တော်ချောပါတယ် ငါကတော့ မိန်းကလေးချင်း ရင်မခုန်တတ်လို့လားမသိဘူး ပုံမှန်ပါပဲ ငါ့အတွက်တော့😊 ဒါနဲ့ဒီကျောင်းရောက်မှပဲ ပန်းခြံထဲမှာ မိန်းကလေးချင်းအတွဲတွေလည်း တွေ့လို့တွေ့ရ😑 အဆန်းတွေချည်းပဲ ငင့် ယောက်ကျားလေးမရှိလို့ မိန်းကလေးချင်း🙄 အာ မဟုတ်ပါဘူး သူငယ်ချင်းတွေပဲဖြစ်မှာပါ "
YOU ARE READING
L5 Lover ( Completed )
FanfictionJENLISA fic GL ကျောင်းသားအချစ်ဇာတ်လမ်းလေးပါ Jen ကိုပိုက်ဆံအရမ်းချမ်းသာပြီး မောက်မာတဲ့ အချေနေရာလေးကနေ ရေးထားပါတယ် JenLisa fic က အခုမှပထမဆုံး ရေးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော် ဖတ်ပေးတဲ့သူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအပ်တာရှိရင...