Part 34

6.2K 430 78
                                    

Unicode Version

Jennie ရဲ့ ခန္ဓာကိုယ် ထဲ က ရောဂါ က တစ်နေ့ ထက် တစ်နေ့ ပိုမို ပြင်းထန်လာပြီ မို့လို့ jennie တစ်ယောက် ခုဆို ဆေးရုံပေါ် တောင် ‌ေရာက်နေရလေပြီ ။
jennie က သူ ရိုးရိုး နေမကောင်းအရမ်းဖြစ်နေလို့ ဆေးရုံတက်ရတာလို့ lisa ကို ပြောထားသောကြောင့် lisa က တော့ ဘာမှသေချာ ရေရေရာရာ မသိ ။

Lisa တစ်ယောက် jennie ရဲ့ ဆေးရုံအခန်း ထဲ က အထွက် jennie ရဲ့ omma နဲ့ မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့လိုက်ရတော့ အရိုအသေပေးတဲ့ အနေနဲ့ ခေါင်းလေး တစ်ချက်ညိတ်ပြီး လှည့်ထွက်မယ် အလုပ် jennie omma ဘက် က စပြီး စကားတစ်ခွန်းဆိုလာလေသည်

" သမီး lisa အန်တီ သမီး နဲ့
စကားလေး နည်းနည်းလောက်
အေးဆေးပြောချင်လို့ပါ
အဆင်ပြေမလား သမီး "

Lisa လည်း jennie ရဲ့ omma ကို ခေါင်းလေးညိတ်ပြလိုက်ပြီး jennie omma ခေါ်ဆောင်ရာ နောက် ဖြစ်တဲ့ ဆေးရုံ ဘေးနား က ကော်ဖီဆိုင်လေး အထဲ သို့ လိုက်လာခဲ့လေတော့သည် ။

ဝိတ်တာ‌ ကောင်လေး လာချတဲ့ စားပွဲခုံပေါ် က ကော်ဖီခွက် ၂ ခွက် ကို ကြည့်ပြီး Jennie omma က စကားတစ်ခွန်း ကို စမြည်လိုက်လေသည် ။

" သမီးတို့ ၂ ယောက်
တစ်ယောက် ကို တစ်ယောက်
ဘယ်လောက်ချစ်ကြလဲ ဆိုတာ
အန်တီ သိပါတယ် 😊 "

Lisa လည်း jennie ရဲ့ omma ဖြစ်နေလို့ ရှိန်နေတာက တစ်မျိုး အရင်တည်း က jennie ရဲ့ omma က ထက်ထက်မြက်မြက်ရှိတဲ့ လုပ်ငန်းရှင် မိန်းမ တစ်ယောက် ဆိုတာ သူ သိနေတဲ့အတွက် မလေးစားပဲနဲ့တော့ နေလို့ မရဘူးလေ
ဒါကြောင့် ခေါင်းလေး တညိမ့်ညိမ့် နဲ့ ဟုတ်ကဲ့တစ်လုံးတည်း ကို သာ နှုတ်က အလွတ်ကျက်ထားသကဲ့သို့ တရစပ် ရွတ်ထွက်နေလေတော့သည် ။

" ဟုတ်ကဲ့ ☺️ "

" ဒါပေမယ့် "

Jennie omma ရဲ့ ဒါပေမယ့် ဆိုတဲ့ စကားအနောက်မှာ သူ မကြားချင်တဲ့ စကားလုံးတွေ ကပ်ပါလာမှာ ကို lisa ကြောက်‌ေနလေသည်
ဒါကြောင့် jennie omma ရဲ့ နှုတ် က ထွက်လာမယ့် နောက်ပိုင်း စကားလုံးတွေ ကို က ဘာတွေလဲ ဆိုတာကို သိချင်လာလို့ လက်ထဲ က ကော်ဖီခွက် ကို တောင် ချပြီး စိတ်ဝင်တစား နဲ့ ဆက်လက် နားစွင့်နေလိုက်လေတော့တယ်

L5  Lover ( Completed ) Where stories live. Discover now