Unicode Version
Jennie တစ်ယောက် ဒီနေ့ဟာ ကျောင်းဖွင့်ရက် ဖြစ်တဲ့ အတွက် စောစောထရလေတော့သည် မနေ့က kim jisoo က သူ့ကတိ အတိုင်း jennie ဆီ ဖုန်းဆက်ပြီး လာခဲ့မယ်ပြောသော်လည်း jennie က သူ့အဖေရဲ့ ကုန်တိုက်အသစ်ဖွင့်ပွဲ ကို လိုက်သွားရသဖြင့် kim jisoo ကို ကျောင်းရောက်မှပဲ တွေ့တော့မယ်လို့ အကျိုးအကြောင်း ပြန်ပြောလိုက်လေသည် jennie တစ်ယောက် ဒီနေ့တော့ ကျောင်း ကို ဟက်စကီး နဲ့ သွားချင်စိတ် မရှိသောကြောင့်
" appa သမီး ကျောင်း ကို ဒီနေ့ ကားနဲ့ပဲ သွားချင်တယ်"
" သဘောလေ သမီး appa ဒါရိုင်ဘာ နဲ့ အစောင့်တွေထည့်ပေးလိုက်မယ်"
"နိုး appa စိတ်ရှုပ်လို့ ဘယ်သူမှ မထည့်ပေးနဲ့ သမီးဘာသာ သမီး ကိုယ်တိုင် ကားမောင်းပြီးသွားချင်လို့ "
"လမ်းမှာ တစ်ခုခု ဖြစ်ရင် ruby jane လုပ်ငန်းစုရဲ့ သမီး ကို တစ်ယောက်ယောက် က လုပ်ကြံရင် ဘယ်လိုလုပ်မလဲ "
" အဲ့တော့လည်း အသိသာကြီးပေါ့ "
Jen တစ်ယောက် သူ့ appa ကို ခနဲ့တဲ့တဲ့ ပြောကာ ကားရှိရာ ကားဂိုဒေါင်ဘက် သို့ ထွက်လာခဲ့လေသည်
" ငါ့ကိုဆို ဘယ်တော့မှ စကားအကောင်းမပြောဘူး ဟူးးးးးးးးး သူ့အမေနဲ့ တစ်ချိုးတည်း အချိုးကတော့ ဟူးးးးးးးးး"
Jennie ရဲ့ appa ကတော့ သက်ပြင်းတွေချပြီး အိမ်ခန်းထဲတွင် ကျန်ခဲ့လေသည်
L5 အဖွဲ့လာတာတောင် ကျောင်းသူတွေက သိပ် စိတ်မဝင်စား တစ်နေရာရာကိုသာ အကုန်လုံး ဝိုင်းအုံပြီး ကြည့်နေကြလေသည် လက်ခုပ်တီးတဲ့သူတွေကလည်း တီးလို့
" wowww တော်လိုက်တာ ဒီလောက် အက တော်တဲ့သူ တစ်ခါမှ မမြင်ဖူးဘူး "
" ဟုတ်ပါ့ဟာ L5 အဖွဲ့က လူတွေထက်တောင် တော်သေးတယ် "
"ဟဲ့ တိုးတိုးပြော L5 အဖွဲ့က လူတွေ ကြားရင် ကျောင်းထွက်နေရအုံးမယ်"
တစ်ယောက်တစ်ပေါက်ပြောသံများကို တစ်ချက်တစ်ချက် jennie ကြားနေရသဖြင့် ကျောင်းသူတွေပြောနေတဲ့ အကတော်တဲ့ တစ်ယောက် က ဘယ်သူလဲဆိုတာ jennie သိချင်သွားလေသည် Yoona က ကျောင်းရဲ့ နေရာတိုင်းလိုလိုမှာ စပ်စပ် ဆက်ဆက်ပါတတ်သောကြောင့် jennie တစ်ယောက် yoona ဘက် မျက်နှာလှည့်ကာ

YOU ARE READING
L5 Lover ( Completed )
FanfictionJENLISA fic GL ကျောင်းသားအချစ်ဇာတ်လမ်းလေးပါ Jen ကိုပိုက်ဆံအရမ်းချမ်းသာပြီး မောက်မာတဲ့ အချေနေရာလေးကနေ ရေးထားပါတယ် JenLisa fic က အခုမှပထမဆုံး ရေးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော် ဖတ်ပေးတဲ့သူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအပ်တာရှိရင...