Unicode Version
Jennie နဲ့ lisa တို့ဟာ မင်္ဂလာဆောင်ပြီးလို့ တစ်အိုးတစ်အိမ် ထူထောင်လာခဲ့တာ ခုဆို ၁ နှစ် ခန့် လောက် ရှိနေလေပြီ jennie ကို တော့ သူ့ appa လုပ်ငန်း ဖြစ်သော Ruby Jane လုပ်ငန်ုးစု ရဲ့ အရိုက်အရာ ဆက်ခံသူ အဖြစ် သူ့ appa က ကြေညာခဲ့ပြီးပြီ မို့လို့ ကျောင်းပိတ်ရက်တွေ ဆို လည်း အိမ် မှာ မရှိ jennie တစ်ယောက် အလုပ်တွေ နဲ့ သာ ၂ ပါးသွားနေရလေသည် ။
( ဒီ တစ်ပိုင်း ကို ဇာတ်ကောင် နေရာမှ ခံစားသက်ဝင်ပြီး ရေးထားပါသည် )
Jennie side ,
ကျွန်မ သိပ်ချစ်ရတဲ့ Baby ကလေးဟာ ဆိုရင်ဖြင့် ဒီနေ့မှာတော့ ထူးထူးဆန်းဆန်း အစောကြီး နိုးနေလေသတဲ့ အရင်ကဆို ကျွန်မ အိပ်ယာနိုး မှ သူနိုးတတ်တာ ကျွန်မ အသိဆုံးပဲလေ ။
မီးဖိုချောင် က လာတဲ့ ကော်ဖီရနံ့ သင်းသင်း
လေး က နှာခေါင်း ထဲ ကို တိုးဝင်လာတာမို့လို့ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ Baby ရှိရာ ကို ေခြဦး တည်လိုက်တယ် ။" ထူးထူးဆန်းဆန်း အစောကြီး တွေ
ဘာတွေ နိုးလို့ Honey ရဲ့ Baby လေး က "Baby ရဲ့ ခါး ကို အနောက်ကနေ လက် ၂ ဖက် နဲ့ တင်းကျပ်စွာ ဖက်တွယ်ထားရင်း Baby ရဲ့ ကျောပြင် ဆီ ကို မျက်နှာ အပ်လိုက် တော့ Baby ရဲ့ကိုယ်သင်း ရနံ့မွှေးမွှေးလေးတွေ ဟာ တစ်နေ့တာ အတွက် စိတ် ကို ကြည်လင် လန်းဆန်းစေလေတယ် ။
" ဟုတ်တယ် ဟီး ကိုယ့်အတွက်
ကိုယ် သောက်ဖို့ ကော်ဖီဖျော်နေရင်း
Honey အတွက်လည်း Honey ကြိုက်တဲ့
Jelly တွေ ပန်းကန်ထဲ ကို ဖောက်ထည့်နေတာ " ( အပြင်မှာလည်း Jen က ဂျယ်လီ ကြိုက်တယ်လေ ဒါကြောင့် fic ရေးရင်း ဇာတ်လမ်းထဲ အပြင်လောက နဲ့ နီးစပ်အောင် ထည့်ပေးလိုက်တာ 😁 )Baby က သူ့စကားဆုံးတာ နဲ့ ကျွန်မ ဘက် ကို မျက်နှာ မူလိုက်ရင်း ကျွန်မ ရဲ့ နဖူးလေးကို ပြွတ်ခနဲ မြည်အောင် အနမ်းပေးပြီး မျက်လုံးလေးတွေ မှိတ်ကျသွားတဲ့ အထိ ရီပြလေတယ် ။
ကျွန်မ အတွက် ပေါင်မုန့်မီးကင် နဲ့ အသားညှပ် ပေါင်မုန့် ပါ Baby က ပြင်ဆင်ပေးထားတာမို့ ဒီ မနက်ခင်းလေးမှာပဲတင် ကြည်နူးမှုတွေဟာ ရင်ထဲအပြည့် ။

STAI LEGGENDO
L5 Lover ( Completed )
FanfictionJENLISA fic GL ကျောင်းသားအချစ်ဇာတ်လမ်းလေးပါ Jen ကိုပိုက်ဆံအရမ်းချမ်းသာပြီး မောက်မာတဲ့ အချေနေရာလေးကနေ ရေးထားပါတယ် JenLisa fic က အခုမှပထမဆုံး ရေးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော် ဖတ်ပေးတဲ့သူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအပ်တာရှိရင...