Part 5

7K 481 5
                                    

Unicode Version

ဒီနေ့ဟာ ကျောင်းပိတ်ရက် ဖြစ်တဲ့အတွက် Jennie တစ်ယောက် နေမြင့်တဲ့အထိ အိပ်နေလေရဲ့ နံနက် ၁၀ နာရီတောင်ထိုးနေပြီ ဖြစ်သောကြောင့် jennie  kim အိမ်ရဲ့ အထိန်းတော် အဒေါ်ကြီး က jennie ကိုကြည့်ပြီး

" သခင်မလေး အိပ်ယာ က ထပါတော့ အောက်မှာ သခင်မလေး ရဲ့ အဖေ breakfast စားဖို့စောင့်နေပါတယ် "

အထိန်းတော်ကပြောနေသော်လည်း jennie က တုပ်တုပ်တောင်မလှုပ် ဒါကြောင့် အထိန်းတော်ကြီးက ထပ်ပြီး နောက်တစ်ခေါက် နိုးရတော့သည်

" သခင်မလေး jennie "

" ရပြီ မခေါ်နဲ့တော့ ထပြီ ထပြီ "

Jennie ရဲ့ စကားသံကြောင့် အထိန်းတော်ကြီး ဘာမှပြန်မပြောပဲ ငြိမ်နေတော့သည် jennie က ရှုပ်ပွနေသော ဆံပင်ကို လက်နဲ့ ပိုရှုပ်ပွအောင် ဖွလိုက်ရင်း

" ဟူးးးး စိတ်ညစ်တယ် တကယ်ပဲ ကျောင်းပိတ်ရက်လည်း ကောင်းကောင်း မအိပ်ရ အော် ruby jane လုပ်ငန်းပိုင်ရှင်ရဲ့ တစ်ဦးတည်းသော သမီး ဘဝ ကလည်း "

Jennie တစ်ယောက် ပြောပြောဆိုဆို နဲ့ ရေချိုးခန်းသို့ဝင်သွားလေသည် အထိန်းတော်ကြီးကတော့ jennie ဖြစ်ပျက်နေတဲ့ပုံ ကို ကြည့်ပြီး ရီနေမိတော့သည် မိဘမေတ္တာ ငတ်မွတ်နေတဲ့ jennie လေးကို အထိန်းတော်ကြီး က ငယ်ငယ်လေးတည်းက ထိန်းကျောင်းလာခဲ့တာမို့လို့ jennie လေး ဘယ်လောက်အပြောဆိုးဆိုး ဘယ်တော့မှစိတ်မဆိုးခဲ့ သံယောဇဥ် ရှိမြဲသာ ရှိခဲ့သည်။

Jennie တစ်ယောက် breakfast ဝိုင်းထဲသို့ဝင်လိုက်ကာ

" အော်  jennie သမီး က ruby jane လုပ်ငန်းစုရဲ့ အရိုက်အရာ ကို ဆက်ခံမယ့် တစ်ဦးတည်းသောသူနော် အဲ့တော့ ဒီလောက်ထိ ခုလိုမျိုး အိပ်လို့မရဘူး သမီး "

Jennie က ဘာမှပြန်မပြော သူ့အဖေကိုလည်း မကြည့် ကော်ဖီခွက်ထဲကိုသာ မုန့်နှစ်လိုက်သည် jennie ရဲ့ appa က jennie ကို ကြည့်ပြီး

" အော် သမီး သဘောကျတဲ့ ကောင်လေး တွေ့ပြီလား မတွေ့သေးဘူးဆိုရင်  appa မိတ်ဆွေရဲ့ သားနဲ့ သမီးကို တွေ့ပေးမလို့ "

Jennie တစ်ယောက် ဒီတစ်ခါတော့ လက်ထဲက စားလက်စ မုန့် ကို ပြန်ချလိုက်ကာ

L5  Lover ( Completed ) Onde histórias criam vida. Descubra agora