Chapter 1 (17ကြိမ်မြောက် စေ့စပ်ခြင်း)

1.8K 133 5
                                    

"သခင်လေး ၊ သခင်လေး ၊ သတင်းဆိုး! သခင်မက မင်းအတွက် နောက်ထပ် စေ့စပ်ပွဲလုပ်ဖို့ စီစဉ်နေပြီ "

ပြောရင်း မော့ရီ တစ်ယောက် အခန်းထဲကို ပြေးလာခဲ့တယ်။

ဘောင်းဘီရှည်ကို ၀တ်ထားပြီး ကြိမ်ခုံပေါ်မှာ ထိုင်နေတဲ့လူငယ်တစ်ယောက်ဟာ ကြောင်မြီးယပ်တောင်ကို ဝှေ့ယမ်းနေပြီး Mo Yi ကိုမျက်လုံးထောင့်က‌နေ ကြည့်လိုက်တယ်။

" စိတ်မပူပါနဲ့ ၊ စေ့စပ်တာလေးပဲကို လက်ထပ်တာမှမဟုတ်တာ ၊ ဖျက်သိမ်းလို့ရတယ်။ ဒါပထမဆုံး အကြိမ်လည်းမဟုတ်တော့ဘူး ။ တစ်ခါဖျက်သိမ်းပြီးတာဟာ အမြဲဖျက်သိမ်းတာပဲ ၊ လွယ်ပါတယ် လွယ်တယ် "

မော့ရီဟာ သူ့သခင်လေးကို ကြည့်လိုက်ရင်း

"သခင်လေး မင်းအရမ်း တည်ငြိမ်တာပဲ "

လူငယ်လေးက ဂုဏ်ယူစွာ ပြုံးလိုက်ရင်း

"ဒါပေါ့ ၊ ငါဘယ်သူလဲ ၊ လာစမ်းပါ ၊ ငါက မော့ဖေး ၊ ဆယ့်ခြောက်ကြိမ်တိုင်တိုင် အငြင်းခံရတဲ့ မော့ဖေးနော် ။ ဒီတစ်ကြိမ်ရော ဘယ်သူနဲ့လဲ။ မင်းမှာ ဓာတ်ပုံရှိလား။ "

မော့ရီက ဓာတ်ပုံက်ု မြန်မြန် ထုတ်လိုက်ကာ

"သူကလင်းမိသားစုရဲ့ ဒုတိယသားဖြစ်ပြီး စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်တယ်။ ဒီမယ် သူ့ရဲ့ဓာတ်ပုံ "

မော့ဖေးဟာကြည့်လိုက်တော့ အံအားသင့်သွားရသည်။

"ဝိုးး သူကကီလို၁၅၀ကျော်တဲ့ အလေးချိန်ရှိတာပဲ။ နားလည်ဖို့ လွယ်ပါတယ်။နောက်ဆုံးမှာ သူက စားသောက်ဆိုင်ပိုင်တာကိုး၊ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်ပါဦး "

မော့ရီက

"သခင်လေးရဲ့မျက်လုံးတွေက တကယ်‌လျင်တာပဲ ၊ သူ့ရဲ့အလေးချိန်က ကီလို၁၆၆.၅တောင် ရှိတယ်"

ဓာတ်ပုံကိုကြည့်လိုက်ရင်း မော့ဖေးတစ်ယောက် နှုတ်ခမ်းကိုက်လိုက်တယ်။

"သူ့ဇနီးဖြစ်လာမည့် ဘယ်သူမဆို ကံမကောင်းဖြစ်လိမ့်မယ် ။ သူက အိပ်ပျော်‌နေရင်းတောင် သူ့ရဲ့မယားကို ဖိသတ်လို့ရတယ် ။ "

"သခင်လေး၊ မင်းကအရမ်းတော်တယ် ။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ သူအိပ်ပျော်နေတဲ့အချိန်မှာ သူ့ဇနီးကိုသေအောင်သတ်ပစ်ခဲ့တာပဲ။ ဒါကြောင့်ပဲ သူက မင်းနဲ့စေ့စပ်တာ။ "

ကျွန်တော့ရဲ့ လူလည်လေး{Translation}Where stories live. Discover now