Chapter - 33+34

347 59 10
                                    

Chapter - 33 ( မော့ဖေး နာမည်ကြီး‌နေတယ်)

မော့ဖေးနဲ့ မော့ရီ ငရဲပြည်က ထွက်ပြေးလာသလို ပြေးလာရင်း နောက်ဆုံးမှာတော့ အတန်းမစခင် နောက်ဆုံး စက္ကန့်အလိုမှာ စာသင်ခန်းထဲ ခြေ‌ချနိုင်သွားလေသည်။

မော့ဖေးကိုမျက်လုံးနှစ်ဖက်က အနက်ရောင်အဝိုင်းကြီးတွေ မြင်လိုက်ရတာကြောင့် ယန်ချန်းမေးလိုက်သည် "ညက ကောင်းကောင်းအိပ်မပျော်ဘူးလား?"

မော့ဖေး ခေါင်းငြိမ့်လိုက်ကာ "ဟုတ်တယ်"

ယန်ချန်းက သူ့ရဲ့ မက်မွန်သီးလို မျက်လုံးတွေကို ခတ်လိုက်ကာ " မနေ့ညက မင်းသားယွီ မင်းကို 'နှိပ်စက်'လိုက်လို့လား"

မော့ဖေး မစဉ်းစားဘဲပြောလိုက်သည် "ဟုတ်တယ်လေ"

အဲ့ဒီ့ လူအရေခွံခြုံထားတဲ့ သိက္ခာမရှိတဲ့ သားရဲကောင်ကြီး ! သူ့ကိုကြမ်းပေါ် အိပ်ခိုင်းရုံသာမက တခေါခေါနဲ့ဟောက်သေးတယ် ။ ယုတ်မာတဲ့ကောင် ! အရမ်းရက်စက်တာပဲ!

အဲ့ဒီ‌နောက် ပတ်ပတ်လည်က အတန်းဖော်တွေအားလုံးရဲ့ မျက်လုံးတွေက မော့ဖေး မျက်နှာပေါ်ရောက်လာလေပြီး မော့ဖေး မှုန်ကုပ်စွာပဲ နားလည်လိုက်တယ် ။ သူတစ်ခုခုကို မှားပြောမိလိုက်ပြန်ပြီ ။

" မဟုတ်ဘူးနော်" မော့ဖေး ဟန်လုပ်ကာ ရီလိုက်သည်။

ယန်ချန်းက ခေါင်းငြိမ့်ကာ 'ငါနားလည်ပါတယ်'ဆိုသည့် မျက်နှာနဲ့ " မင်းတို့လို အတွဲသစ်တွေအတွက် ဒါက သဘာဝပါဘဲ ။ မင်းကိုယ့်ကိုယ်ကို ထိန်းချုပ်စရာ မလိုပါဘူး ။ မရှက်ပါနဲ့"

မော့ဖေးပြုံးလိုက်ကာ ခေါင်းငုံ့သွားရက်း ရှက်ရွံ့စွာပြောလိုက်သည် "ဒါပေမဲ့ ငါအရေမထူဘူးလေ"

လင်းဖေးယွီက သူ့မျက်လုံးတွေနဲ့ သံသယရှိနေတဲ့ အမြင်ခွဲနဲ့ သူ့ကိုကြည့်လာသည်ကို မော့ဖေး သတိထားမိလိုက်သည်။

ယန်ချန်းက ပြုံးပြုံးနဲ့ပြောလိုက်သည် ။ "မော့ဖေး မင်းသိလား, မင်းနာမည်ကြီးနေပြီ!"

မော့ဖေးက ယန်ချန်းကို ရှုပ်ထွေးစွာကြည့်လိုက်လေသည် " ဘာ? ဘယ်လို?"

ယန်ချန်းက ကြယ်ဝဘ်ဆိုဒ်ကို ဖွင့်လိုက်လေသည်။ "ဒီမှာလေ မင်းရဲ့ဆောင်းပါး။အောက်မှာ ကွန့်မန့်က18,000ရှိတယ် ။ 458ယောက်ကlikeလုပ်ထားပြီး 28,352ကdislikeလုပ်ထားတယ် ။ မင်းသိလား ငါတို့ကျောင်းမှာ ကျောင်းသားက 30,000ကျော်ကျော်ပဲ ရှိတာ။ အခုမှာ မင်းရဲ့ဆောင်းပါးက ကျောင်းရဲ့ နံပါတ်တစ် စာရေးဆရာမရဲ့ ဆောင်းပါးထက်တောင် ပိုပြီး လူတွေရဲ့ အာရုံကို ဆွဲဆောင်ထားတာ။"

ကျွန်တော့ရဲ့ လူလည်လေး{Translation}Where stories live. Discover now