Chapter 9 + 10

696 117 6
                                    

Scroll down for Zawji font

Unicode

Chapter 9 ( ကျော်ကြားလာခြင်း )

မော့ယွီဝေ့က စောဒကတက်လိုက်သည် ။

{ T/N -တာ့ရှန်ကျွင်း မော့ဝေးယွီမဟုတ် }

"အမေ ဒါ‌ဘယ်လိုဖြစ်နိုင်မှာလဲ ? ဘယ်လိုကြောင့်မင်းသားယွီက မော့ဖေးကြိ စေ့စပ်ရတာလဲ ? အဲ့တာ သူ့ကိုသူ စော်ကားတာမျိုးပဲ မဟုတ်ဘူးလား ! "

မော့ယွီဝေ့ဟာ တွေးလိုက်တယ် ။

" လော့ယွီ ၊ တတိယမင်းသား ၊ Sအဆင့် ရုပ်ပိုင်းဆိုင်ရာ အရည်အချင်း ၊ Sအဆင့် စိတ်ဝိညာဉ်ဆိုင်ရာ အရည်အချင်! အဲ့ခွေးမသားမော့ဖေးက ဘယ်လိုကြောင့်များရွေးချယ်ခံလိုက်ရတာလဲ ။ အဲ့ကောင်မှာ ဘာကြိုက်စရာများရှိလို့လဲ? "

လင်းရှီဟာ မျက်မှောင်ကြုတ်ရင်း တွေးလိုက်တယ် ။

အဲ့ခွေးသားလေးက တစ်ယောက်ပြီးတစ်ယောက် ငြင်းလာတာ သူ ဘယ်လိုလူကိုများ လပ်ထပ်ချင်သလဲ သိချင်နေပြီ ။အခုတော့ မင်းသားယွီကတောင် လက်ထပ်ခွင့်တောင်းနေပြီ။

(T/N - အမေကလည်း ခွေးသား ပြောလိုက် သမီးကလည်း ခွေးမသားလို့ပြောလိုက်နဲ့ သူတို့အဖေက ခွေးလုံးလုံးကိုဖြစ်လို့ )

လင်းရှီကခါးသက်စွာပြောလိုက်တယ်

"တော်ဝင်ကြင်ယာတော်က ဒါတွေအားလုံးကို စီစဉ်ထားခဲ့တာ ငါလည်း ဘာမှမလုပ်နိုင်ဘူး။"

မော့ယွီ‌ဝေ့က မျက်မှောင်ကြုံ့ကာ

" ဒါမမှန်ဘူး "

သူတို့ မော့မိသားစုဟာ စက်မှုတီထွင်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ နေရာယူထားကြတယ် ။သူတို့ရဲ့နာမည်အောက်မှာ နာမည်က တစ်ခုပဲရှိပေမဲ့ သာမန်လူတွေအတွက်တော့ လက်လှမ်း မမှီနိုင်ဘူး ။ ဒါပေမဲ့ တော်ဝင်မိသားစုတွေရဲ့ မျက်လုံးထဲမှာတော့ ဒါကဘာမှ မဟုတ်ဘူး ။ လင်းရှီ မျက်ခုံးမြှင့်လိုက်ကာ ပြောလိုက်တယ်။

" အမေကြားတာတော့ မင်းသားယွီနဲ့ စေ့စပ်ထားတဲ့ သုံးယောက်လုံးက မင်းသားယွီရဲ့ မကောင်းတဲ့ကံကြောင့် သေသွားခဲ့ရတယ်။ တော်ဝင်ကြင်ယာတော်က ပြည်သူတွေရဲ့ မှတ်ပုံတင်အချက်အလက်တွေကို စစ်ဆေးကြည့်တဲ့အခါမှာ မော့ဖေးနဲ့ တတိယမင်းသားတို့က ပြီးပြည့်စုံတဲ့လိုက်ဖက်မှုတဲ့။ "

ကျွန်တော့ရဲ့ လူလည်လေး{Translation}Donde viven las historias. Descúbrelo ahora