Chapter 7+8

743 108 6
                                    

Chapter-7 ( 18ကြိမ်မြောက် စေ့စပ်ပွဲ )

စုရုန်ဟာ စိုးရိမ်တဲ့လေသံနဲ့ပြောလိုက်တယ်

"မင်းသား မစ် မင် သေသွားပြီ"

လော့ယွီ အသက်ပြင်းပြင်းရှုလိုက်ပြီး စိတ်မရှည်စွာပဲ

" မင်းသူမကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို မလွှတ်လိုက်ဘူးလား ? "

စုရုန်ဟာအင်တင်တင်ဖြင့် " လွှတ်ခဲ့ပါတယ် မင်းသား ၊ ဒါပေမဲ့ လုပ်ကြံသူက ထိပ်တန်းကွန်ဖူး ဆရာတစ်ယောက် ဖြစ်နေခဲ့တယ် "

လော့ယွီဟာ နောက်ထပ် အသက်ပြက်းပြင်းရှုလိုက်ပြီး စားပွဲခုံကို ရိုက်ချလိုက်တယ် ။

" ထားလိုက်တော့ ။ ငါက ငါ့ရဲ့လက်တွဲဖော်တိုင်းအတွက် မကောင်းတဲ့ကံရှိတဲ့လူလို့ လူတွေကိုပြောပြဖို့ အဲ့မြေခွေးမက စိတ်ကိုပြင်ဆင်ပြီးပြီပဲ "

စုရုန်ဟာ မျက်ခုံးကျဉ်းလိုက်ရင်းပြောတယ်။

" သူမကတော်တော်လွန်သွားပြီ ၊ မစ် မင်က အရမ်းထူးချွန်တဲ့ ဆေးဖော်စပ်သမားဖြစ်ပြီး အချိန်နည်းနည်းလောက်ပေးလိုက်တာနဲ့ အဆင့်မြင့် ဆေးဖော်စပ်သူဖြစ်ဖို့ အလားအလာရှိတယ် ။ ဒါကအင်ပါယာအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ "

လော့ယွီက အေးအေးစက်စက်ဖြင့်

" အင်ပါယာ ? အဲ့မိန်းမက အင်ပါယာကို ဘယ်တော့မှ ဂရုစိုက်မနေဘူး ။ သူမက ဂရုစိုက်တာဆိုလို့ သူမသားက ပလ္လင်ပေါ်မှာ ဖင်နဲ့ အံဝင်တကြ ထိုင်နေလားဆိုတာပဲ !"

" မင်းသား ! သူမ.."

လော့ယွီဟာ စုရုန်ကိုကြည့်လိုက်ရင်း

" ပြောစရာရှိတာပြော ၊ အဲ့တာက ငါမဖြေရှင်းနိုင်တာလား ? "

စုရုန်ဟာ တစ်စက္ကန့်လောက် ငြိမ်သွားပြီးမှ

"သူမက မင်းသားအတွက် စေ့စပ်ဖို့ စီစဉ်ပေးထားတယ် "

လော့ယွီဟာ စုရုန်ကိုကြည့်ရင်း

" ငါ့အတွက်စေ့စပ်ပွဲ ? ဘယ်လိုလူမျိုးနဲ့လဲ ? "

စုရုန်က အနည်းငယ် ရှက်သွားပုံရကာ

"မင်းသား ကျွန်တော်ကြောက်မိတယ် ။ အဲ့လူမှာ ဆိုးရွားတဲ့ ဂုဏ်သတင်းတွေရှိတယ် "

ကျွန်တော့ရဲ့ လူလည်လေး{Translation}Where stories live. Discover now